ခရီးသည်အကြိုက်တွေ့နေသော မီလဲ့အရှေ့တိုင်းစတိုင်လ်မြို့နယ်သည် ယူနန်၏အလှတရားကို ဖော်ပြနေ

2019-01-25 18:19:09 |သတင်းအရင်းအမြစ်

ယူနန်ဟုန်ဟော်ဟာနီ၊ ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မီလဲ့မြို့တွင် တည်ရှိသော အရှေ့တိုင်းစတိုင်လ်မြို့နယ်ကို ၀င်ရောက်လိုက်လျှင် နတ်သမီးပုံပြင်ကမ္ဘာသို့ ရောက်ရှိ သကဲ့သို့ပင် ခံစားကြရသည်။ ပုံစံအမျိုးမျိုးအဖုံဖုံရှိသော အဆောက်အဦး၊ ရုပ်တုနှင့် ဥယျာဉ်မြို့တော်ရှုခင်းများသည် ဖန်တီးသူများ၏ အဆုံးအစမရှိသောတီထွင်ဆန်းသစ်မှုကို ဖော်ပြနေပါသည်။

ပြည်တွင်းပြည်ပမှ နာမည်ကျော်ကြားသောဗိသုကာများသည် ဤနေရာတွင် မတူညီသော ခေါင်းစဉ်များဖြင့် ပြတိုက်၊ အနုပညာပြခန်း၊ အနုပညာဟိုတယ် စသည်များကို တည်ဆောက်ကြပါသည်။ ၎င်းအနက် သင်္ကေတပြုနိုင်သော ပန်းစကြာမှန်ပြောင်းအနုပညာပြတိုက်သည် ဒေသတွင်း အထူးထုတ်လုပ်သောအုတ်နီများဖြင့် တည်ဆောက်ထားသည်။ ၎င်း၏သွင်ပြင်သဏ္ဍာန်မှာ အရက်ပုလင်း သို့မဟုတ် ထောက်ပလျက်ရှိနေသောမီးလျှံကဲ့သို့ဖြစ်ပြီး အတွင်းပိုင်းမှာ အနောက်တိုင်း၏ ပေါင်းကူးအမိုးနှင့် တရုတ်နိုင်ငံ၏လူနေအိမ်မီးခိုးခေါင်းတိုင်ကို ပေါင်းစပ်ထားကာ ခရီးသည် အကြိုက်တွေ့သည့် ရှုခင်းဒေသ ဖြစ်လာပါသည်။

“ကျွန်မက ဒီနေရာကို တအားနှစ်သက်ပါတယ်။ အလွန်လှပါတယ်။ ကျွန်မကို ဖန်တီးမှုတွေ ပေးစွမ်းနိုင်ပါတယ်။” အရှေ့တိုင်းစတိုင်လ်မြို့နယ်၏ multi-function room တွင် ကနေဒါနိုင်ငံမှ အနုပညာရှင် အိုင်လီအန်နီက ပန်းချီကား ရေးဆွဲနေသည်။ မိုးတိမ်ပုံသဏ္ဍာန် multi-function room ၏ အပြင်နေရာတွင် ယူနန်စွန်လက်မှုအနုပညာရှင် ချန်ခမ်နင်း၊ ကူမင်းမြို့ မြို့အဆင့် ဗူးသီးယဉ်ကျေးမှုဆက်ခံသူ ရှူရှောင်ကော်တို့သည် မိမိ၏အတတ်ပညာကို ခရီးသည်များအား တင်ဆက်ပြသနေသည်။ ရိုးရာဓလေ့နှင့်ယခုခေတ်၊ ယူနန်နှင့်ကမ္ဘာတို့ကို ဤသို့ဖြင့် နီးစပ်စွာ ချိတ်ဆက်လျက်ရှိသည်။

အရှေ့တိုင်းစတိုင်လ်မြို့နယ်သည် ယဉ်ကျေးမှုအနုပညာတီထွင်မှုကို ထူးခြားချက်အဖြစ် သတ်မှတ်ထားသည်။ အပန်းဖြေရေးနှင့်လက်တွေ့ခံစားမှုကို တစ်ခုတည်းပေါင်းစပ်လိုက်သည့် အတွက်ကြောင့် ပိုများသောခရီးသည်တို့၏ နှစ်သက်မှုကို ရရှိပါသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာာလအထိ အဆိုပါမြို့နယ်သည် ရင်းနှီးမြှုပ်နှံမှုငွေပမာဏ တရုတ်ယွမ်(၁၀)ဘီလီယံရရှိကာ ခရီးသည်ပေါင်း (၁၉.၅)သိန်းကို ကြိုဆိုဧည့်ခံနိုင်ခဲ့သည်။

(Yunnan Gateway)