ကူမင်းဥယျာဉ်(၇)ခုက တရုတ်နှစ်သစ်ကူးပွဲတော် ၀မ်းမြောက်ရွှင်လန်းစွာ လာရောက်ဆင်နွှဲရန် ဖိတ်ခေါ်

2019-01-31 18:12:03 |သတင်းအရင်းအမြစ် 昆明日报

တရုတ်နှစ်သစ်ကူးပွဲတော် ရောက်လာတော့မည်။ အဘယ်မှာ ၀မ်းမြောက်ရွှင်လန်းစွာဖြင့် အရသာအရှိဆုံး နှစ်သစ်ကူးမလဲ။ ယခုအချိန်တွင် ကူမင်းမြို့ဥယျာဉ်စိမ်းလန်းစိုပြေရေးဌာန လက်အောက်မှ ဥယျာဉ်(၇)ခုတို့သည် အသွင်သစ်ဖြင့် နှစ်သစ်ကူးပွဲတော်ကာလတွင် ခရီးဝေးမထွက်သော မြို့သူမြို့သားများအတွက် ဥယျာဉ်ခရီးစဉ်များ စီမံပြင်ဆင်ပေးထားပါသည်။ နှစ်သစ်ကူးရှုခင်းကို လာရောက်ရှုစားရန်၊ နှစ်သစ်ကူးအရသာကို လာရောက်ခံစားရန် ဖိတ်ခေါ်လျက်ရှိပြီး ၎င်းဥယျာဉ်များတွင် ၀မ်းမြောက်ရွှင်လန်းစွာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနိုင်ကြပါသည်။

ကူမင်းတိရစ္ဆာန်ဥယျာဉ်

နှစ်သစ်ကူးပွဲတော်ရောက်တိုင်း ကူမင်းတိရစ္ဆာန်ဥယျာဉ်သည် ကလေးများအတွက် အသွားချင်ဆုံးနေရာကောင်း ဖြစ်ပါသည်။ ယခုနှစ်တွင် ကူမင်းတိရစ္ဆာန်ဥယျာဉ်သည် ဆန်းတင့်ဝေဆာလှသော လှုပ်ရှားမှုအစီအစဉ်များစွာ ကျင်းပမည်ဖြစ်သည်။ ဤဥယျာဉ်၏ Wechat အကောင့်ကို ၀င်ရောက်ကြည့်ရှုပါက နှစ်သစ်ကူးအန်ပေါင်းနှင့်လက်ဆောင်များစွာကို ရရှိနိုင်ပါသည်။

တာ့ကွမ်ဥယျာဉ်

တာ့ကွမ်ဥယျာဉ်သည် “နှစ်သစ်ကူးပွဲတော်”ကို စောစီးစွာ ဆင်နွှဲလျက်ရှိနေပါသည်။ အပင်ပေါင်း(၁.၂)သိန်း၊ အမျိုးအစား(၃၇)မျိုးရှိသော ကျူးလစ်ပန်းကို ပြသထားသည်။ ညပိုင်းတွင် တာ့ကွမ် “နှစ်သစ်ကူးပွဲတော် - မီးပုံးပွဲတော်” ဆင်နွှဲနိုင်သည်။ နဂါးအကနှင့် ခြင်္သေ့အက စသည့်ရိုးရာတင်ဆက်မှုများကို ဖျော်ဖြေနေသည်မှာ နှစ်သစ်ကူးမင်္ဂလာနှင့် ပြည့်နှက်နေပါတော့သည်။

ကျင်တျန်ဥယျာဉ်

ကျင်တျန်ရှုခင်းဇုန်၏ (၃၁)ကြိမ်မြောက် တရုတ်ဖယောင်းပန်းပြပွဲသည် နှစ်သစ်ကူးပွဲတော်ကာလတွင် ရှုစားရန် အကောင်းဆုံးအချိန်အခါဖြစ်သည်။ အပင်ပေါင်း(၄)သိန်းရှိ တရုတ်ဖယောင်းပန်းမန်များသည် အပြိုင်အဆိုင် ပွင့်ဖူးနေကြသည်။ ယင်းအနက် ထုံတျန်ရှေ့ရှိ နှစ်ပေါင်း(၄၀၀)ကျော်ရှင်သန်လျက်ရှိနေသော “တျန်ချန်ဟုန်” ဟူသည့်တရုတ်ဖယောင်းပန်းမှာ အလှပဆုံး ဖြစ်သည်။ ခရီးသည်များသည် သူ့အလှတရားကို ကိုယ်တိုင်သွားရောက်ရှုစားသင့်ပါသည်။

ဟေလုံးထန်ဥယျာဉ်

တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဟေလုံးထန်ဥယျာဉ်သည် ဒုတိယအကြိမ်မြောက် “ထင်းရူးပင်၊ ၀ါးပင်နှင့် တရုတ်ဆီးပန်းပင်” ထိပ်တန်းရှုခင်းရှုကွက်ဖော် အလှစိုက်ပန်းအိုး အနုပညာပြပွဲကို ကျင်းပမည်ဖြစ်သည်။ မြို့သူမြို့သားများသည် တရုတ်ဆီးပန်းများ ရှုစားရင်း သစ်ပင်အောက်တွင် အပန်းဖြေကာ ရေနွေးကြမ်းကို အခမဲ့သုံးဆောင်နိုင်ပါသည်။ ပန်းအခြောက်အနုပညာပစ္စည်းကို ကိုယ်တိုင်ပြုလုပ်နိုင်သည်။ ပန်းမန်များဖြင့် ချက်ပြုတ်သော စားကောင်းသောက်ဖွယ်များလည်း သုံးဆောင်နိုင်ပါသည်။

ထန်ဟွာရှီဥယျာဉ်

        

ယခုနှစ် ထန်ဟွာရှီဥယျာဉ် ပီအိုနီပန်းပြပွဲသည် အကောင်းဆုံးအမျိုးအစားဖြင့် ပြသထားပါသည်။ အရောင်(၉)ခု၊ အမျိုးအစား(၂၆)ခု၊ အိုးပေါင်း(၂၀၀၀)ကျော်ရှိသော ပီအိုနီးပန်းမန်သည် အပြိုင်အဆိုင် ပွင့်ဖူးလျက်ရှိနေပါသည်။ နှစ်သစ်ကူးပွဲတော်၏ အရသာ ပိုပြီးပြည့်ဝစေရန် ထန်ဟွာရှီဥယျာဉ်တွင် မီးပဒေသာထွန်းညှိ၍ ပိုးထည်ရောင်စုံဖဲကြိုးများဖြင့် မွမ်းမံအလှဆင်လျက် ရှိနေပါသည်။ “ပန်းမန်ကိုယ်စားပြုသောအဓိပ္ပာယ်” ဟူသောအဓိကဆောင်ပုဒ်ဖြင့် ပီအိုနီပန်းပြသရာ နေရာ(၅)ခုကို ခွဲခြားခင်းကျင်းပြသထားသည်။ ယဉ်ကျေးမှု၊ မွေးနှစ်ကိုယ်စားပြုတိရစ္ဆာန် စသည့်အကြောင်းအရာများအပေါ် အခြေခံကာ “တရုတ်နှစ်သစ်ကူးပွဲတော်တွင် ပန်းမန်ရှုစားရသည့်အတွက် ချမ်းသာသုခနှင့်ပြည့်ပါစေ” ဟူသောဆုတောင်း ပြည့်စေပါသည်။

ကျောင်ရဲဥယျာဉ်

ဇန်န၀ါရီလ(၃၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ထိ ကျောင်ရဲဥယျာဉ်သည် (၁၀)ကြိမ်မြောက် တရုတ်ဆီးပန်းအလှပြပွဲကို ကျင်းပသည်။ နွေးထွေးသောရာသီဥတုကြောင့် ဥယျာဉ်အတွင်း စိုက်ပျိုးထားသော အလှမယ်တရုတ်ဆီးပန်း(၃၀၀၀)ကျော်၏ (၃၀)ရာခိုင်နှုန်း ပွင့်ဖူးလျက်ရှိနေပါသည်။ တရုတ်နှစ်သစ်ကူးကာလတွင် ရှုစားရန်အကောင်းဆုံးကာလ ဖြစ်သည်။ ပန်းရောင်နွေဦးရာသီကို မြို့သူမြို့သားများအား ရှုစားစေနိုင်ပါသည်။

ရှီဟွာယွမ်ဥယျာဉ်

၂၀၁၉ ခုနှစ် ကူမင်းမြို့(၆)ကြိမ်မြောက် နွေဦးရာသီကြိုပန်းမန်ပွဲတော်နှင့် ရှီဟွာယွမ်ဥယျာဉ်၏ (၈)ကြိမ်မြောက် မီးပုံးပွဲတော်သည် “မြစိမ်းရောင်သိပ္ပံနည်းပညာ အသိပေးခြင်း၊ ပြည်သူပြည်သားများ အတူဆင်နွှဲခြင်း၊ ပန်းမန်မြို့တော် အတူဖန်တီးခြင်း” ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ဤဥယျာဉ်တွင် တမူထူးခြားသော ပန်းမန်နှင့်သစ်ပင်များ(၂၀၀)ကျော်ကို ခင်းကျင်းပြသရောင်းချသည်။
(သတင်းထောက်--Liao Jingrong)