ကူမင်းလောင်ယွီဟိုစိမ့်မြေဥယျာဉ်တွင် အမျိုးအစားအများဆုံးသော ကျူးလစ်ပန်းမန်ပြပွဲသို့ သွားရောက်ကြည့်ရှုကြပါစို့

2019-02-01 18:33:39 |သတင်းအရင်းအမြစ် 云南网

ဇန်န၀ါရီလ(၁၉)ရက်နေ့မှစတင်ကျင်းပသည့် လောင်ယွီဟိုစိမ့်မြေဥယျာဉ် (၄)ကြိမ်မြောက် ကျူးလစ်ပန်းမန်ပြပွဲသည် ခရီးသည်များအား ဆွဲဆောင်လျက်ရှိနေပြီး အမျိုးအစား(၅၀)ကျော်၊ အပင်ပေါင်း(၁၈)သိန်းရှိသော ကျူးလစ်ပန်းများ ဖူးပွင့်နေကြောင်း ဇန်န၀ါရီလ(၃၁)ရက်နေ့က ကူမင်းတျိန်ချီအမျိုးသားခရီးသွားအပန်းဖြေဇုန်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

လောင်ယွီဟိုစိမ့်မြေဥယျာဉ်သည် ၂၀၁၅ ခုနှစ် မေလက စတင်ဖွင့်လှစ်ခဲ့ပြီး ပန်းမန်များစွာ ပါဝငသည့် လတ်ဆတ်သောပန်းမန်ပြပွဲ၊ ထင်းရူးသစ်ပင်နှင့် စိမ့်မြေ စသည်တို့၏ ပေါင်းစပ်ထားသော ရှုခင်းဇုန်ထူးခြားချက်များမှာ ထင်ရှားပေါ်လွင်လာသည်နှင့်အညီ နာမည်ကျော်ကြားမှုနှင့် ချီးကျူးမှုများစွာ မြင့်တက်လာကာ အဆိုပါအပန်းဖြေရှုခင်းဇုန်သည် ကူမင်းမြို့၏ ခရီးသွားလာရေးသင်္ကေတနေရာ ဖြစ်လာကြောင်း သိရပါသည်။

ခရီးသည်များ၏ လိုအပ်မှုကို ဖြည့်စွက်ရန် ဤဥယျာဉ်သည် မူလက လောင်ယွီဖျော်ဖြေဇုန်၊ သစ်တောလမ်းလျှောက်ခြင်းခရီးစဉ်၊ သဲသောင်ပြင်ဖျော်ဖြေဇုန်၊ ခြေနင်းစက်ဘီး စသည့်လှုပ်ရှားမှုများကို အခြေခံကာ (၄၀၀)စတုရန်းမီတာကျယ်ဝန်းသော အပန်းဖြေရေးဇုန်ကို တိုးချဲ့ခဲ့သည်။ ၎င်းဥယျာဉ်သို့ သွားရောက်လည်ပတ်ကြည့်ရှုသော ဧည့်သည်တော်များအား ရှုခင်းသာများ ရှုစားနိုင်ရန်၊ စားကောင်းသောက်ဖွယ်များ သုံးဆောင်နိုင်ရန်၊ အပန်းဖြေနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေပါသည်။ ခရီးသည်များသည် မင်္ဂလာကျက်သရေနှင့်ပြည့်စုံသော နှစ်သစ်ကူးပွဲတော်ကိုလည်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်မည် ဖြစ်ကာ ယခုအကြိမ်ပန်းမန်ပြပွဲသည် မတ်လ(၂၀)ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

(သတင်းထောက်--Xiong Ming)