သာယာလှပသော ယူနန်ပြည်နယ်--လျူချွန်းခရိုင် ဟွန်လျန်စမ်း နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တော

2019-11-21 17:54:59 |သတင်းအရင်းအမြစ် 云南网

ယူနန်ပြည်နယ် ဟွန်လျန်စမ်း နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တောသည် ယူနန်ပြည်နယ် ဟုန်ဟယ် ဟားနီတိုင်းရင်းသားလူမျိုး၊ ရီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လျူချွန်းခရိုင် တောင်ဖက် အလယ်ပိုင်းဒေသတွင် တည်ရှိပါသည်။ ပထ၀ီအနေအထားမှာ အရှေ့လောင်ဂျီတွဒ် 102°03′33.5″~102°36′59″၊ မြောက်လတ္တီတွဒ်မှာ 22°30′18.9″~22°55′35.7″ ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် ဟွန်လျန်စမ်းပြည်နယ်အဆင့် အမျိုးသားသဘာဝဘေးမဲ့တောကို သတ်မှတ်တည်ထောင်ပြီး ၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တောဖြစ်လာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကော်စီမှ ခွင့်ပြုချက်အရ ပြောင်းလဲမှုများပြုလုပ်ရာ စုစုပေါင်းဧရိယာသည် တရုတ်ဟက်တာ ၆၁၈၆၀ ရှိပြီး သစ်တောဖုန်းလွှမ်းမှုဧရိယာမှာ စုစုပေါင်းဧရိယာ၏ ၈၄.၃% ၀န်းကျင်ရှိသည်။ ၁၉၉၉ ခုနှစ်မှာ ကမ္ဘာ့သဘာဝကာကွယ်စောင့်ရှောက်နေရာ အရှေ့တောင်အာရှဒေသဆိုင်ရာ မဟာမိတ်အဖွဲ့သည် ဟုန်ဟယ်ပြည်နယ်ခွဲ မွန်ဇီခရိုင်တွင် ကျင်းပသော နှီးနှောဖလှယ်အစည်းအဝေးတွင် “အစိမ်းရောင် တြိဂံကြီး”၏ အရေးကြီးလှသော အစိတ်အပိုင်းအဖြစ်သတ်မှတ်ကြောင်းသိရသည်။

နိုင်ငံတော် ဒုတိယအဆင့် အဓိကကာကွယ်စောင့်ရှောက်သောတိရိစ္ဆာန်--Macacamulattaယူနန်ပြည်နယ် ဟွန်လျန်စမ်း နိုင်ငံတော်အဆင့် အမျိုးသားသဘာဝဘေးမဲ့တောကာကွယ်စောင့်ရှောက်ရေးဌာနနှင့် လျူချွန်းခရိုင် Fusion မီဒီယာဗဟိုစင်တာမှ ဓာတ်ပုံ