ယူနန်ပြည်နယ်ကူမင်းမြို့။ ။ အနီရောင်နုတ်သီးစင်ရော်ငှက်များ ဆောင်းခိုရန် ရောက်ရှိလာ

2019-11-22 17:06:39 |သတင်းအရင်းအမြစ် 新华网

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အနီရောင်နုတ်သီးစင်ရော်ငှက်တစ်ကောင်သည် တျိန်းချီရေကန်ကမ်းဘေးရှိ လျိအယ်ပန်းပုံပေါ်ကို ပျံဝဲသွားပါသည်။ နှစ်စဉ်ဆောင်းရာသီတွင် သောင်းနှင့်ချီသော အနီရောင်နုတ်သီးစင်ရော်ငှက်များသည် ကူမင်းမြို့ကို ရွှေ့ပြောင်းလာကြပြီး ဆောင်းခိုကြပါသည်။ လတ်တလောနှစ်ပိုင်းမှာ ကူမင်းမြို့ကို ရွှေ့ပြောင်းလာကြပြီး ဆောင်းခိုကြသော အနီရောင်နုတ်သီးစင်ရော်ငှက်များသည် တစ်နှစ်ထက်တစ်နှစ် တိုးများလာသဖြင့် “နွေဦးမြို့”အတွက် အထူးရှုခင်းသာတစ်ခုကို ဖန်တီးပေးနေကြောင်း သတင်းအရသိရပါသည်။

သတင်းထောက်။ ။ ဂျင်းလင်ဖုန်(ဆင်ဟွာသတင်းဌာန)