၂၀၁၉ ရှိန်ဟိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကူမင်း မာရသွန်အပြေးပြိုင်ပွဲ စတင်

2019-12-03 18:36:24 |သတင်းအရင်းအမြစ် 新华网

၂၀၁၉ ရှိန်ဟိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကူမင်း မာရသွန်အပြေးပြိုင်ပွဲသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့ တျိန်းချီရေကန်ကမ်းဘေးတွင် စတင်ပြုလုပ်ခဲ့သည်။ အီသီယိုးပီးယားမှ အားကစားသမားများသည် အမျိုးသား၊ အမျိုးသမီးမာရသွန်ချန်ပီယံဆုကို အကုန်သိမ်းပိုက်သွားပြီး တရုတ် အားကစားသမားသည် အမျိုးသမီးမာရသွန်တစ်ဝက် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သတင်းအရသိရပါသည်။