ရီလူမျိုး၏ဇာတိနန်ကျန့်ခရိုင်သည် သာယာလှပသော မြေသားတောင်တန်းရှုခင်းခရီးသွားလုပ်ငန်းဆောင်ရွက်

2019-12-23 17:02:38 |သတင်းအရင်းအမြစ် 云南网

မြေသားတောင်တန်းသည် မြေဆီလွှာတိုက်စားခံရခြင်းကြောင့် ဖြစ်ပေါ်လာသောမြေပြင်လက္ခဏာတစ်မျိုးဖြစ် သော်လည်းဘဝခရီးကြမ်း ကြာရှည်စွာဖြတ်သန်းခဲ့ရသော မြေကြီးဖြင့် ဖန်ဆင်းထားသောသဘာဝအံ့ဖွယ်ရှုခင်းလည်း ဖြစ်သည်။ နန်ကျန့်ခရိုင်ဝူလျန့် မြေသားတောင်တန်းသည် သဘာဝကပေးအပ်ချီးမြှင့်သော ရှုခင်းသာတစ်ရပ် ဖြစ်သည်။ ယခုနန်ကျန့်ခရိုင်၏ မြေသားတောင်တန်းရှုခင်းသည် နန်ကျန့်ခရိုင်မြစ်ချိုင့်ဝှမ်းနှင့် မြေပြန့်အရပ်များ၌ အနောက်တောင်ခြေရင်း၊ ဇုန်ဖူကျန်းရွာ၊ ရင်တိ(ရွာ) စသောနေရာများတွင် တည်ရှိပြီးဧရိယာမို (တရုတ်ဧက) ၂၀၀၀ ရှိပါသည်။ “ဖျော်ဖြေရေးနှင့် ကျန်းမာရေးလေ့ကျင့်မှု”ဟူသော ထူးခြားချက်ဝိသေသရှိသော ရှုခင်းသာဇုန် နှင့် ဂေဟာဗေဒယဉ်ကျေးမှုပညာသင်ပေးခြင်းစခန်းကို တည်ဆောက်ရန် စိတ်ကူးစိတ်သန်းကိုလိုက်နာပြီး နန်ကျန့်ခရိုင်သည် ဇုန်ဖူကျန်းရွာမြေသားတောင်တန်းရှုခင်းဇုန်အတွက် တရုတ်ယွမ် ၈ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ရှုခင်းသာကမ်းပါးစောက် ပျဉ်ခင်းလမ်းကျဉ်းများ၊ အလင်းရောင်ပေးလျှပ်စစ်မီးတိုင်များ၊ ခရီးသည်များသုံးရန် သန့်စင်ခန်းများ၊ ကားရပ်စခန်းစသော အခြေခံအဆောက်အအုံတည်ဆောက်ခြင်းကိုထောက်ပံ့ပေးပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးခိုင်မာစွာ တွန်းအားပေးခြင်း၊ သိပ္ပံနည်းကျစီမံခန့်ခွဲခြင်းနှင့် စနစ်တကျတူးဖော်ခြင်းဆိုင်ရာတောင်းဆိုချက်အရနန်ကျန့်ခရိုင် မြေသားတောင်တန်းရှုခင်းကို“နေ့ခင်းဖက်တွင် မြေသားတောင်တန်းဘူမိအခြေအနေရှုစားပြီးညဖက်တွင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာကဲ့သို့သောရှုခင်းရှုစားနိုင်သည်”ဟူသော AAA(အဆင့်)ရှုခင်းသာဇုန် တည်ဆောက်ရန် ရည်ရွယ်ဆောင်ရွက်သည်။ ရီလူမျိုးဇာတိနန်ကျန့်ခရိုင် ၏ ခရီးသွားလုပ်ငန်းကိုသာယာလှပသောအမှတ်သင်္ကေတတစ်ခုဖြင့် အသိအမှတ်ပြုပေးပါသည်။