ရီလူမျိုး၏ဇာတိနန်ကျန့်ခရိုင်သည် သာယာလှပသော မြေသားတောင်တန်းရှုခင်းခရီးသွားလုပ်ငန်းဆောင်ရွက်

2019-12-23 17:02:38 |သတင်းအရင်းအမြစ် 云南网

ဆောင်းရာသီနေဝင်ချိန်အလင်းရောင်အောက်တွင် အဆင့်ဆင့်အလွှာလိုက်ဖြစ်နေသောနန်ကျန့်ခရိုင် မြေသားတောင်တန်းသည် အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်နှင့် အညိုရောင် ဖြစ်နေပါသည်။ နေဝင်လာသည်နှင့်အမျှ မြေသားတောင်တန်း၏ အရောင်ပြောင်းလဲခြင်းသည် ဆန်းကြယ်၍ အံ့သြဖွယ်ကောင်းလှ၏။ ဤရှုခင်းသည် နတ်တို့ဖန်ဆင်းထားသောဆီဆေးပန်းချီကဲ့သို့ လှပတင့်တယ်နေသည်။ မြေသားတောင်တန်းရှုခင်းရှုစားရန် လမ်းကြောင်းတွင် လမ်းလျှောက်လျက်ကြည့်လျှင် မားမားမတ်မတ်ရပ်တည်သော မြေသားတောင်တန်းသည် သစ်ပင်၊ စေတီ၊ မျှစ်၊ ကန့်လန့်ကာကဲ့သို့ တရုတ်ဒဏ္ဍာရီတွင် “နတ်ဒေဝါရှစ်ပါးအသီးသီးတန်ခိုးပြခြင်း” ၊ “နတ်သမီးတို့လူ့ပြည်ဆင်းခြင်း”၊ “စစ်မြင်းများမိုးပေါ်သို့ ထိုးတက်ခြင်း”၊ “ခြင်္သေ့နှစ်ကောင်လမင်းကိုရှုစားခြင်း”၊ “စွန်ကြီးတောင်ပံဖြန့်နေခြင်း” နှင့်တူသည်။ မြေသားတောင်တန်းသည် သီးခြားဖြစ်နေသော ရှုခင်းတစ်ခုကို ဖွဲ့စည်းထားပြီး တောတောင်အထပ်ထပ်ဖြစ်သောရှုခင်းသည် ခရီးသည်များအား စိတ်ကူးစိတ်သန်းအတွေးရေယဉ်ကြောတွင် မျောလျက်ရှိစေပြီး မှော်အတတ်ဖြင့် ဖန်ဆင်းထားဘိသကဲ့သို့ ဖြစ်သည်ဟုသက်ပြင်းချမိမည်ဖြစ်သည်။ မြင့်ရာသို့တက်၍ အဝေးသို့လှမ်းမျှော်ကာ ကြည့်လျှင် မပြတ်မလပ်တဆက်စပ်တည်းရှိနေပြီး ဒေါင်လိုက်အလျားလိုက်ဖြစ်သောမြေသားတောင်တန်းရှုခင်းဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင်ရှိပုံကို ပို၍ခံစားရနိုင်ပြီး သိမ့်သိမ့်တုန်စေဖွယ်ကောင်းနေမည်ဖြစ်သည်။ “တရုတ်ရှေးဟောင်းခေတ်တွင် နယ်ခြားဒေသတည်ငြိမ်ရန် အရေးပါခံတပ်စခန်းရှုခင်း ၈ ခု”ထဲကတစ်ခု ဖြစ်သောနန်ကျန့်ခရိုင် ဝူလျန့်စေတီသည် လှပသော ရှုခင်းနှင့် အချင်းချင်းအုပ်အုပ်ဆိုင်းဆိုင်းဝေဝေစည်စည်ရှိပြီး ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။