ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ “Battle Wall” အပြည်ပြည်ဆိုင်ရာ GRAFFITI ပြိုင်ပွဲအားကူမင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ တောင်ကိုးရီးယား၊ ထိုင်း၊ နယ်သာလန် စသည့် နိုင်ငံနှင့် ဒေသများမှ ကစားသမား ၈ ဦးသည် နံရံကိုပန်းချီဆွဲရန်ကင်းဗတ်အဖြစ်လည်းကောင်း၊ ဆေးသုတ်မှုန့်ဗူးကိုပန်းချီစုတ်တံအဖြစ်လည်းကောင်းအသုံးပြုကာရောင်စုံလှပသည့် စိတ်ကူးစိတ်သန်းအတွေးအမြင်ဆန်းသစ်သောလက်ရာကိုဖန်တီးကြရာ ပြိုင်ပွဲအပြီးတွင် တောင်ကိုးရီးယားနိုင်ငံမှ လက်ရွေးစင် Enzo သည် ချန်ပီယံဆုရရှိကြောင်းသတင်းအရသိရပါသည်။
သတင်းထောက်။ ။ဟန်ချင်ယွမ်(ယူနန်နေ့စဉ်သတင်းစာ)