၂၀၁၈ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံတကာ မာရသွန် အပြေးပြိုင်ပွဲကို ယခုရက်ပိုင်း ရွှေလီမြို့တွင် ကျင်းပခဲ့ကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရှိရပါသည်။
အဆိုပါပြိုင်ပွဲမှာ တရုတ်ပြည်တွင်းနှင့် မြန်မာ၊ စင်ကာပူ၊ ဂျပန်၊ ဂျာမနီ စသည့်နိုင်ငံများနှင့် တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် စသည့်ဒေသများမှ အပြိုင်သမား (၈၉၀၅)ဦးတို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ၎င်းပြိုင်ပွဲမှာ မာရသွန်ပြိုင်ပွဲ၊ ခရီးစဉ်တစ်ဝက်ပြေးမာရသွန်၊ အပျော်တမ်း တစ်ဦးချင်းအပြေးပြိုင်ပွဲ၊ အပျော်တမ်းမိသားစုအပြေးပြိုင်ပွဲ၊ နွေးထွေးသောအပြေးပြိုင်ပွဲ စသဖြင့် ပြိုင်ပွဲ(၅)မျိုးခွဲကာ ကျင်းပကြောင်း၊ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်ရသည့်ပြေးလမ်းကြောင်းမှာ (၆.၅)ကီလိုမီိတာရှည်လျားပြီး တရုတ်ပြည်တွင်းပြေးလမ်းကြောင်းမှာ ရွှေလီကျယ်ခေါင်နယ်စပ်ဂိတ်၊ ကျယ်ခေါင်တံတား၊ ကျန်းပျံ (မြစ်နံဘေး) လမ်းဖြတ်ကျော်ကာ နောက်ဆုံးတွင် မာရသွန်ပြိုင်ပွဲ၊ ခရီးစဉ်တစ်ဝက်ပြေးမာရသွန်တွင် ပါဝင်ယှဉ်ပြိုင်သူများသည် ရွှေလီလုံးမောဟူကန်ဥယျာဉ်ရှိ ပန်းတိုင်သို့ တစ်ဟုန်ထိုးပြေးဝင်ခဲ့ကြောင်း သိရပါသည်။
ယှဉ်ပြိုင်ဆင်နွှဲအပြီးတွင် တရုတ်အပြေးသမား Li Congjie နှင့် Qian Jiayan တို့သည် အမျိုးသားမာရသွန်ပြိုင်ပွဲ၊ အမျိုးသမီးမာရသွန်ပြိုင်ပွဲ တွင် ပထမဆု အသီးသီးဆွတ်ခူးရရှိကြောင်း သိရပါသည်။
အဆိုပါပြိုင်ပွဲကာလအတွင်း “၂၀၁၉ ခုနှစ် ဥစ္စာဓနစီမံမှုနှင့် သိပ္ပံနည်းကျသောရင်းနှီးမြှုပ်နှံမှု”မျှဝေပွဲနှင့် ပထမအကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ စသည့်လှုပ်ရှားမှုများ ကိုလည်း ကျင်းပခဲ့ကြောင်း သိရပါသည်။
(သတင်းထောက်--Guan Yushu)