တရုတ်နိုင်ငံ၏ Chang’e-4 လေ့လာရေးအာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဇန်နဝါရီ ၃ရက်တွင် ဆင်းသက်နိုင်ခဲ့ပြီး ကမ္ဘာဂြိုလ်မှ မည်သည့်အခါမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဆင်းသက်နိုင်သည့် ပထမဆုံးအာကာသယာဉ်ဖြစ်လာကြောင်း သိရသည်။
မြေပြင်ဆင်းသက်မှု ယာဉ်တစ်စီး နှင့် မောင်းသူမဲ့ယာဉ်တစ်စီး ပါဝင်ပေါင်းစပ်ထားသော အဆိုပါ အာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ကြိုတင်ရွေးချယ်ထားသော ဧရိယာ၌ ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီတွင် ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ ဦးစီးဌာန က ကြေညာခဲ့သည်။ (Xinhua)
Chang’e-4 လေ့လာရေးအာကာသယာဉ်တွင်ပါဝင်သည့် မြေပြင်ဆင်းသက်မှု ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)
Chang’e-4 လေ့လာရေးအာကာသယာဉ်တွင်ပါဝင်သည့် မောင်းသူမဲ့ယာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)