တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယား နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအမ်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိကြောင်း တရုတ်အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ ဇန်နဝါရီ ၈ ရက်တွင် ပြောကြားလိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်သည် တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၇ ရက် မှ ၁ဝ ရက်အထိ နေထိုင် သွားမည်ဖြစ်ကြောင်း ပေကျင်းမြို့ ရှိ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။(Xinhua)