တရုတ်ဝန်ကြီးချုပ်ဟောင်းကျိုအင်လိုင်းက မြန်မာနိုင်ငံ ပုဂံသို့ရောက်ရှိလေ့လာခြင်း (၅၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ

2019-01-10 18:20:09 |သတင်းအရင်းအမြစ် 新华网

တရုတ်နှင့်မြန်မာနှစ်နိုင်ငံမှ ဆွေမျိုးပေါက်ဖောက်များသည် ဇန်နဝါရီလ(၈)ရက်နေ့က ပုဂံသို့သွားပြီး တရုတ် ဝန်ကြီးချုပ်ဟောင်း ကျိုအင်လိုင်း ပုဂံသို့ရောက်ရှိလေ့လာခြင်း (၅၈)နှစ်ပြည့်အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါ သည်။

ဝန်ကြီးချုပ်ကျိုအင်လိုင်းသက်ရှိထင်ရှားရှိစဉ်က မြန်မာနိုင်ငံသို့ (၉)ကြိမ်တိတိ လေ့လာခရီးထွက်ခဲ့သည်။ ၎င်းတို့ အနက် ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့က ပုဂံသို့သွားရောက်လေ့လာခဲ့ပြီး ပုဂံ၏ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများအတွက် ငွေလှူဒါန်းပေးခဲ့ကာ မြန်မာပြည်သူများသည် ဝန်ကြီးချုပ်ကျို လှူဒါန်းထားသည့်ငွေဖြင့် ရွှေစည်းခုံစေတီအနီးတွင် ဝန်ကြီးချုပ်၏အမည်အားဂုဏ်ပြုကာ ကျိုအင်လိုင်းတန်ဆောင်းအား တည်ဆောက်ခဲ့သည်။

ဇန်န၀ါရီလ (၈)ရက်နေ့တွင် မိုးရွာနေသည်။ မြန်မာအခြေစိုက်တရုတ်သံအမတ်ကြီး ဟုန်လျန်နှင့်သူ့၏ကတော်၊ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌဦးစိန်ဝင်းအောင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ညောင်ဦးဒေသမှ တရုတ်မျိုးနွယ်တို့သည် ကျိုအင်လိုင်းတန်ဆောင်းသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်ကျို၏ တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အကျိုးဆောင်မှုကို အတူ ပြန်ပြောင်းအောက်မေ့ကာ ဂုဏ်ပြုခဲ့သည်။ ထို့နောက် တရုတ်သံရုံးမှ ဒေသခံပြည်သူပြည်သားများအတွက် စားသောက်ကုန်နှင့် ဆေးဝါးများကို လှူဒါန်းခဲ့ပါသည်။

ဟုန်လျှန် အမှာစကားပြောကြားရာတွင် ကျိုအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာချစ်ကြည်ရေးကို ဖော်ပြနေကြောင်း၊ နှစ်နိုင်ငံခေတ်အဆက်ဆက်မှ ချစ်ကြည်ရေးကို ခိုင်မာအောင် အကျိုးပြုဆောင်ရွက်နေသော စံနမူနာဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်ရေးကို ခေတ်အဆက်ဆက်ဆက်ခံကာ ပိုမိုနက်ရှိုင်းစေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်ဝန်ကြီးချုပ်ဟောင်းကျိုအင်လိုင်း၏ ကြိုးစားမှုကြောင့် မြန်မာနှင့်တရုတ်နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမို ခိုင်မာတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။ နှစ်နိုင်ငံ၏ ချစ်ကြည်ရေးရိုးရာအစဉ်အလာကို မမှိတ်မသုန် ထိန်းသိမ်းကြသည်။ ယခုအချိန် ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် တရုတ်နိုင်ငံတင်ပြသည့် ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ အဆိုပြုချက်အတွင်း သို့ ပါဝင်ပြီး ၎င်းနိုင်ငံအတွင်းတွင် မြန်မာနိုင်ငံလည်းပါဝင်သည်။ ၎င်းအတွက် အလွန်ဝမ်းသာပါသည် ” ဟု သူရဦးအောင်ကိုမှ ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunnan gateway.
ပုံ၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးကွန်ရက်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006