တရုတ်-မြန်မာယဉ်ကျေးမှုသီတင်းပတ်အစီအစဉ်သည် ဇန်နဝါရီလ(၁၆)ရက်နေ့မှ(၂၀) ရက်နေ့ အထိ မြန်မာနိုင်ငံနေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ယခုအကြိမ်အစီအစဉ်သည် “ပေါက်ဖော်ချစ်ကြည်ရေးကို အတူဖော်ပြ၊ မိုးလမ်းမသစ်ကို အတူတည်ထောင်”ဟူသောအဓိကခေါင်းစဉ်ဖြင့် ကျင်းပပြီး “တရုတ်မြန်မာချစ်ကြည်ရေး၊ မိသားစုလိုဆုံဆည်းခြင်း”အနုပညာတင်ဆက်ဖျော်ဖြေပွဲ၊ “ကောင်းမွန်သောနေထိုင်မှုဘဝ ဖော်ဆောင်ခြင်း -- တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၏ အောင်မြင်မှု” ပြပွဲ၊ တရုတ်ဇာတ်ကား ပြပွဲ၊ တရုတ်-မြန်မာနှစ်သစ်ကူးမီဒီယာများလက်ဖက်ရည်ကြမ်းစကားဝိုင်း၊ “တရုတ်-မြန်မာ အစဉ်အလာ ပေါက်ဖော်ချစ်ကြည်ရေး” ဓာတ်ပုံနှင့်ပန်းချီကားပြပွဲ၊ ယူနန် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အနုပညာ ပစ္စည်းပြပွဲ စသည့်ကဏ္ဍများဖြင့် ကျင်းပသွားမည်ဖြစ်သည်။ များပြားစုံလင်သော ဖျော်ဖြေတင်ဆက်မှုများ ဖြင့် ပရိသတ်များအတွက် ယဉ်ကျေးမှုအနုပညာပွဲတော်ကြီးကို တင်ဆက်ပေးမည်ဖြစ်သည်။
၎င်းလှုပ်ရှားမှုသည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံး၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံး၊ တရုတ်နိုင်ငံယူနန်ပြည်နယ်ပြည်သူ့အစိုးရတို့ကို တရုတ်ဖက်မှဦးစီးကျင်းပသူအဖြစ် လည်းကောင်း၊ တချိန်တည်းတွင် မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ကို မြန်မာဖက်မှ ဦးစီးကျင်းပသူအဖြစ်လည်းကောင်း ပူးတွဲကျင်းပမည်ဖြစ်သည်။
(Yunnan Gateway)