တရုတ်ယဉ်ကျေးမှုသီတင်းပတ်အတွင်း အစိတ်အပိုင်းအစီအစဉ်တစ်ခုဖြစ်သော “ချမ်းသာသော ဘဝ လိုက်လံရှာဖွေ”အဓိကဆောင်ပုဒ်ဖြင့် ၊ တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းအသီးအပွင့် အောင်မြင်မှုရလဒ်ပြပွဲကို ဇန်နဝါရီလ(၁၇)ရက်နေ့က မြန်မာနိုင်ငံအဓိကမြို့ပြများတွင် တချိန်တည်း ပြသ ခဲ့ကြောင်း သတင်းအရ သိရပါသည်။
အဆိုပါပြပွဲသည် ဓာတ်ပုံ(၄၀)ကျော်နှင့် စစ်မှန်သေချာသောရှင်းလင်းချက်စာတမ်းဖြင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအကြောင်းအရာကို ပရိသတ်အား တင်ပြမိတ်ဆက်ခဲ့ကာ တရုတ်နိုင်ငံ အနေဖြင့် ပထမဦးဆုံးအကြိမ် မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာပြပွဲကျင်းပခြင်း ဖြစ်သည်။
(Yunnan Gateway)