“ယူနန်တွင်လည်ပတ်ခြင်း” APP မှ ခရီးသွားဧည့်သည် Big Data အစီရင်ခံစာနှင့် ကုန်ပစ္စည်းသစ်စီမံကိန်း ထုတ်ပြန်

2019-01-23 18:10:04 |သတင်းအရင်းအမြစ် 云桥网

ပြီးခဲ့သောနှစ်တွင် ယူနန်ခရီးသွားလာရေး၏ဗီဒီယိုဝန်ဆောင်မှု ရယူအသုံးပြုသူဦးရေ ၁.၂ ဘီလီယံ ရှိပြီး “ယူနန်တွင်လည်ပတ်ခြင်း” APP အသုံးပြုသူမှာ (၁၅)သိန်းရှိသည်။ ကားမောင်းသူဦးရေ (၁.၅၈)သိန်း တို့သည် အလိုအလျောက်သွားလာနိုင်သည့်စနစ်အသုံးပြုသော အကြိမ်ပေါင်း (၆.၅၆)သိန်းရှိပါသည်။ တိုင်ကြားမှု(၃၅၀၀)ခုရှိပြီး အားလုံးကို ပြီးမြောက်အောင် ဖြေရှင်းပေးနိုင်ခဲ့သည်။ ခရီးသွားလာရေးလုပ်ငန်းအဖွဲ့ (၃)သောင်းကျော်သည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကြီးကြပ်မှုကို လက်ခံ ဆောင်ရွက်ကြပါသည်။ “ယူနန်တွင်လည်ပတ်ခြင်း”စမတ်ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး အဆင့်မြင့်ဖိုရမ်နှင့် ၂၀၁၈ ခုနှစ် သြဇာသက်ရောက်အကျိုးရှိမှု အခမ်းအနားကို ဇန်န၀ါရီလ(၂၂)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပရာ ၂၀၁၈ ခုနှစ် “ယူနန်တွင်လည်ပတ်ခြင်း Big Data အစီရင်ခံစာ”ကို ထုတ်ပြန်ကာ ၂၁၀၉ ခုနှစ် “ယူနန်တွင်လည်ပတ်ခြင်း N စီမံကိန်း”ကို တရားဝင်စတင်ကြောင်း ကြေငြာသည်။

၂၀၁၈ ခုနှစ် “ယူနန်တွင်လည်ပတ်ခြင်း Big Data အစီရင်ခံစာ”တွင် “ယူနန်ခရီးသည်ရုပ်ပုံလွှာ”ကိုရှင်းလင်းဖော်ပြပြီး ၎င်းအနက် ခရီးသည် ညအိပ်အပန်းဖြေမည့်ဖြစ်နိုင်ချေ၊ ပထမအဆင့်မြို့ပြမှ ခရီးသည်အရင်းအမြစ်၊ ဖွင့်လှစ်သောရှုခင်းဇုန်၏ ဘေးပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ပိုင်ကားဖြင့် ခရီးသွားလည်ပတ်ခြင်းရှေ့ရေးအလားအလာ၊ တိုင်ကြားမှုအမျိုးအစား၊ ဗီဒီယိုဝန်ဆောင်မှုရယူခြင်း၏ ရေပန်းစားမှု၊ အစိုးရ၀န်ဆောင်မှုမြှင့်တင်ခြင်း စသည့်အကြောင်းအရာများကို ဖော်ပြထားသည်။ “မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်တွင်လည်ပတ်ခြင်း”စီမံကိန်းမှာ တိကျမှန်ကန်သော Big Data သုံးသပ်မှုဖြင့် ခရီးသည် လွတ်လပ်စွာ သွားလာရှုစားခြင်း အစိုးရ၀န်ဆောင်မှု နေရာအနှံ့ ထောက်ပံ့ပေးခြင်း ဟူသော ရည်ရွယ်ချက်ဖြစ်မြောက်ရန် နည်းပညာဖြင့် ပံ့ပိုးပေးလျက်ရှိနေပါသည်။

“ယူနန်တွင်လည်ပတ်ခြင်း N စီမံကိန်း”မှာ Tencent ကုမ္ပဏီနှင့် ယူနန် Teng Yun သတင်းအချက်အလက်လုပ်ငန်း လီမိတက်ကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်သော စမတ်ခရီးသွားလာရေး စီမံကိန်းဖြစ်သည်။ စမတ်သိပ္ပံနည်းပညာ၏ စွမ်းရည်၊ IP နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လုပ်ငန်းပေါင်းစပ်မှုဖြင့် ကုန်ပစ္စည်းအသစ်၊ ခရီးစဉ်အသစ်၊ ခံစားမှုအသစ် စသည်များကို ဖော်ဆောင်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် “မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်တွင်လည်ပတ်ခြင်း”စီမံကိန်းမှာ နယ်ပယ်အလွှာပေါင်းစုံနှင့် ဒစ်ဂျစ်တယ်ဇီဝအသိုက်အ၀န်းကို တစိုက်မတ်မတ် ထူထောင်ကာ တံခါးဖွင့်လှစ်ပြီး တမူထူးခြားသော ယူနန်ခရီးသွားလာရေးပလက်ဖောင်း ဖြစ်လာမည်ဖြစ်သည်။ မိသားစုလေ့လာရေးခရီးစဉ်၊ အနီရောင်မျိုးချစ်စိတ်ဓာတ်ယဉ်ကျေးမှုခရီးစဉ်၊ အဆင့်မြင့် လူနေမှုရှာဖွေရေး ခရီးစဉ် စသည့်ကုန်ပစ္စည်းသစ်များနှင့် စားကောင်းသောက်ဖွယ်၊ ကျန်းမာရေးအပန်းဖြေမှု၊ ဖျော်ဖြေရေး စသည့်နယ်ပယ်များတွင် တမူထူးခြားသောခရီးစဉ်များကို ဖန်တီးပေးမည်ဖြစ်ပြီး “လက်မှတ်+X” ဖွဲ့စည်းသော ခရီးသွားလာရေးပုံစံကို ထုတ်ပြန်မည်ဖြစ်သည်။

 

အဆိုပါနေ့တွင် “ယူနန်တွင်လည်ပတ်ခြင်း”APP သည် လုပ်ငန်းအဖွဲ့၊ မီဒီယာ၊ တက္ကသိုလ်ကျောင်းများစွာနှင့် မဟာဗျူဟာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ကျင်းပပြီး “ယူနန်တွင် လည်ပတ်ခြင်း”အထူးကျေးဇူးတင်ဆု၊ နှစ်ပတ်လည်ဖြန့်ဖြူးရေးသံတမန်ဆုနှင့် စမတ်ရှုခင်းဇုန် တည်ဆောက်ရေးအထူးဆု စသည့်ဆုများကိုလည်း ချီးမြှင့်ပေးခဲ့သည်။

(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006