တရုတ်ရထားလမ်းကြောင်း ကူမင်းအုပ်စုအဖွဲ့လက်အောက်ရှိ ကူမင်းမြန်နှုန်းမြင့်ရထားဘူတာရုံ စစ်ဆေးရေးနှင့်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာများသည် ဇန်န၀ါရီလ(၂၁)ရက်နေ့က မြန်နှုန်းမြင့်ရထားတွဲ၏ မြေပြင်အခြေအနေကို စစ်ဆေးလျက်ရှိသည်။
ယခုနှစ် ကူမင်းမြန်နှုန်းမြင့်ရထားဘူတာရုံသည် အဆင်မြှင့်တင်ပြောင်းလဲထားပြီး ယာဉ်ရပ်နားရန်နေရာ (၃၆%) တိုးမြှင့်ခဲ့သည်။ ယူနန်မြန်နှုန်းမြင့်ရထား ပြေးဆွဲမှု၊ စစ်ဆေးမှုနှင့် ပြုပြင်ထိန်းသိမ်းမှုနှင့် စီမံမှုစွမ်းရည်ကိုလည်း ထိရောက်စွာ မြှင့်တင်နိုင်ခဲ့သည်။ “နွေဦးပွဲတော်”ပို့ဆောင်ရေးအချိန်အခါသို့ ရောက်ရှိလာသည်နှင့်အညီ ကူမင်းမြန်နှုန်းမြင့်ရထားဘူတာရုံမှ အင်ဂျင်နီယာ(၃၇၆)ဦးတို့သည် မြန်နှုန်းမြင့်ရထားကို စစ်ဆေးမှု၊ ကြိုတင်ကာကွယ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုအလုပ်များကို တစိုက်မတ်မတ် လုပ်ကိုင်လျက်ရှိနေပြီး မြန်နှုန်းမြင့်ရထားတွဲများအား ကောင်းမွန်လုံခြုံစွာ ပြေးဆွဲနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
(Yunnan Gateway)