“မဲခေါင်မြစ်” မဂ္ဂဇင်းတိုက်၏ ၂၀၁၉ ခုနှစ် နွေဦးပွဲတော်မိတ်ဆုံဆွေးနွေးပွဲ ကျင်းပ

2019-02-02 16:32:03 |သတင်းအရင်းအမြစ် 云桥网

“မဲခေါင်မြစ်” မဂ္ဂဇင်းတိုက်သည် ၂၀၁၉ ခုနှစ် နွေဦးပွဲတော်မိတ်ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၁)ရက်နေ့က ကျင်းပရာ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ ကူမင်းမြို့အခြေစိုက် လာအိုနိုင်ငံကောင်စစ်ဝန်ချုပ် Khamphone Vongsanty၊ ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ် Nitivadee Manitkul၊ ကူမင်းမြို့ အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံကောင်စစ်ဝန်ချုပ် Lem Puthviro နှင့် ၎င်းမဂ္ဂဇင်းတိုက်မှ ဘာသာပြန်ဆရာနှင့် စာတည်းဆရာတို့ တပျော်တပါး အတူဆုံစည်းကာ မဂ္ဂဇင်းတိုက်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပေးရင်းနှင့် ချစ်ကြည်ရေးကို အတူလက်ဆင့်ကမ်း ကြပါသည်။

၂၀၁၈ ခုနှစ်က “မဲခေါင်မြစ်” မဂ္ဂဇင်းတိုက်သည် ၎င်းမဂ္ဂဇင်းတွင် ရေးသားဖော်ပြသည့်အကြောင်းအရာများ ပြည့်စုံကောင်းမွန်ရန်၊ new media ဖွံ့ဖြိုးတိုးတက်ရန်ဆွေးနွေးကြပြီး စာဖတ်ပရိသတ်များနေ့လှုပ်ရှားမှု၊ လန်ချန်းမြစ်-မဲခေါင်မြစ် ပြန်ကြားရေးအရာရှိနှင့် သတင်းမီဒီယာမွမ်းမံသင်တန်း၊ မြန်မာနိုင်ငံရန်ကုန်မြို့တွင် တရုတ်-မြန်မာမီဒီယာ နွေဦးပွဲတော်လက်ဖက်ရည်ကြမ်းစကားဝိုင်း စသည့် ဆန်းတင့်ဝေဆာလှသော လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့် ဘာသာမျိုးစုံ all media ၏အားသာချက်ကို ထုတ်ဖော်ကာ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများ လူနေမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူလူထု စိတ်ချင်းနီးစပ်စေခြင်း စသည့်နယ်ပယ်များတွင် အရေးပါသော အကျိုးသက်ရောက်မှုများကို ဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်ပိုင်းတွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အောင်မြင်မှုရှိသော ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများစွာ ဖော်ဆောင်ခဲ့ကြောင်း၊ မီဒီယာအကြား ချစ်ကြည်ရေးတံတားကြီးကို တည်ဆောက်ခြင်းဖြင့် လန်ချန်းမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယူနန်နေ့စဉ်သတင်းစာအဖွဲ့သည် မီဒီယာအားသာချက်ကို ပြည့်စုံစွာအသုံးပြုကာ လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသနိုင်ငံများ ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးပေးရန်အတွက် တွန်းအားသစ်ပေးမည်ဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူက အဆိုပါမိတ်ဆုံဆွေးနွေးပွဲတွင် ပြောကြားပါသည်။

(၄)နိုင်ငံမှ ကောင်စစ်ဝန်ချုပ်တို့သည် အဆိုပါဆွေးနွေးပွဲတွင် အသီးသီး ဆွေးနွေးပြောကြားကြရာ တရုတ်နိုင်ငံ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက်တွင် တရုတ်နိုင်ငံသည် လန်ချန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အဆက်မပြတ် နက်ရှိုင်းလျက်ရှိနေကြောင်း၊ မြန်မာဘာသာဖြင့် ထုတ်ဝေသော “မင်္ဂလာ” မဂ္ဂဇင်း၊ လာအိုဘာသာဖြင့် ထုတ်ဝေသော “ကျန်ပါး” မဂ္ဂဇင်း၊ ထိုင်းဘာသာဖြင့် ထုတ်ဝေသော “မဲခေါင်မြစ်” မဂ္ဂဇင်း၊ ကမ္ဘောဒီးယားဘာသာဖြင့် ထုတ်ဝေသော “ခမာ” မဂ္ဂဇင်းတို့သည် ယခုနှစ်ပိုင်းတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက်၊ လူသားကံကြမ္မာအသိုက်အ၀န်း၊ တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါ်လစီနှင့် ကုန်သွယ်ရေးသတင်းများ၊ နှစ်ဦးနှစ်ဖက်ခေါင်းဆောင်များ အပြန်အလှန်လေ့လာရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး၊ တရုတ်နိုင်ငံ၏အတွေ့အကြုံ စသည်များကို တက်ကြွစွာ ရေးသားဖော်ပြကာ နှစ်ဦးနှစ်ဖက် အပြန်အလှန်သိရှိနားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်နိုင်ရန် တက်ကြွစွာ အကျိုးပြုနိုင်ခဲ့ကြောင်း၊ ၎င်းမဂ္ဂဇင်းတိုက်သည် မြန်မာ၊ လာအို၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ကူမင်းမြို့အခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ လန်ချန်းမြစ်-မဲခေါင်မြစ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို တစိုက်မတ်မတ် ရေးသားဖော်ပြနိုင်ရန်၊ ကောင်းမွန်သော အနာဂတ်ကို အတူဖန်တီးပေးရန် မျှော်လင့်ကြောင်း ကောင်စစ်ဝန်ချုပ်တို့မှ ပြောကြားကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ယူနန်ပြည်နယ်မှ မြန်မာဘာသာ၊ လာအိုဘာသာ၊ ထိုင်းဘာသာ၊ ကမ္ဘောဒီးယားဘာသာ ကျွမ်းကျင်သူ အထင်ကရ ဆရာနှင့်ဆရာမများသည် မိမိကျွမ်းကျင်သောဘာသာ၏ နိုင်ငံနှင့် ချစ်ခြင်းမေတ္တာကို ဖော်ပြကာ လန်ချန်းမြစ်-မဲခေါင်မြစ် နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားကြသည်။

(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006