မြန်မာကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်၏ ၂၀၁၉ ခုနှစ်အတွက် နှစ်သစ်ကူးဆုတောင်းမေတ္တာပို့သလွှာ

2019-02-03 14:55:12 |သတင်းအရင်းအမြစ် 《吉祥》杂志

လောကဓမ္မအစဉ်အလာအရ အဟောင်းကာလများပြီးဆုံးပါက အသစ်ကာလများ ရောက်ရှိအစားထိုးလာသကဲ့သို့ ၂၀၁၈ ခုနှစ်၊ နှစ်ဟောင်းကာလကုန်ဆုံးပြီးနောက် ၂၀၁၉ ခုနှစ်၊ နှစ်သစ်ကူးကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ထို့အတူ “မင်္ဂလာမဂ္ဂဇင်း”ကြီးသည်လည်း နှစ်ပေါင်း(၂၆)နှစ်အတွင်း အဟောင်းကာလများအား ဖြတ်ကျော်ပြီး အသစ်ကာလများဖြင့် ဆန်းသစ်သောအပြင်အဆင်၊ အတွေးအခေါ်၊ အရေးအသားများဖြင့် ဖူးပွင့်လာခဲ့ပြန်ပြီဖြစ်ပါသည်။ ထိုသို့အသစ်အယူအဆများဖြင့် အစားထိုးဆန်းသစ်ခဲ့သော်လည်း “မင်္ဂလာမဂ္ဂဇင်း”ကြီး စေတနာ၊ အနစ်နာခံမှု၊ အပြန်အလှန်လေးစားမှု၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်လိုသည့်ဆန္ဒတို့မှာ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကြိုးစားနေဆဲပင်ဖြစ်ပါသည်။

အနာဂတ်ကာလတွင် ကာလသစ်များ အစားထိုးပြောင်းလဲမှုများကြားတွင် “မင်္ဂလာမဂ္ဂဇင်း” ကြိုးစားအားထုတ်မှုအသစ်များဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေဦးမည်ဖြစ်ပါသည်။ “မင်္ဂလာမဂ္ဂဇင်း”၏ မေတ္တာစေတနာတို့ဖြင့် ၂၀၁၉ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှစ၍ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုများဖြင့် ဆွေမျိုးပေါက်ဖော်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မြဲကြပါစေ၊ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်ဖြစ်သည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်”နှင့်အညီ အစဉ်ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ကြပါစေ၊ နှစ်နိုင်ငံပြည်သူများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006