မြန်မာနိုင်ငံရခိုင်ပြည်နယ်မီးသတ်ဌာနမှသတင်းအရ ဖေဖော်ဝါရီလ(၁၁)ရက်နေ့က သင်္ဘော တစ်စီးသည် လက်ဖက်ကျွန်းအနီးပင်လယ်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ(၁၈)ဦး ပျောက်ဆုံးနေပြီး (၇)ဦး ကယ်ဆယ်ရရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၁၁)ရက် မြန်မာစံတော်ချိန် နံနက် (၄)နာရီခန့်က မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆင်ပြောင်အမည်ရှိသင်္ဘောသည် လက်ဖက်ကျွန်းအနီး ပင်လယ်တွင် လှိုင်းရိုက်ခတ်မှုများကြောင့် ရေယာဉ်မှန်ပြတင်းပေါက်များကွဲအက်၍ ရေများဝင်ရောက် လာသဖြင့် သင်္ဘောတိမ်းစောင်းခဲ့သည်။ ဤဖြစ်စဉ်ဖြစ်ပွားပြီးနောက် လက်ဖက်ကျွန်းသက်ဆိုင်ရာဌာန သည် ငါးဖမ်းလှေ(၂)စီး ချက်ချင်းစေလွှတ်ပြီး ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကာ ၁၁ ရက်နေ့ မနက် ပိုင်းအထိ သင်္ဘောပေါ်ရှိသော လူ(၂၅)ဦးအနက် (၇)ဦးကယ်ဆယ်ရရှိခဲ့ပြီး (၁၈)ဦး ပျောက်ဆုံးနေခဲ့ သည်။
ရှာဖွေကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေပြီး ပျောက်ဆုံး သူ၏ မိသားစုဝင်အချို့သည်လည်း သင်္ဘောနစ်မြုပ်ခဲ့ရာအနီးအနားရှိကမ်းခြေသို့ ရောက်ရှိကာ သတင်း စောင့်ဆိုင်းနေကြသည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.