ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ နန်ကျင်းလယ်ယာစိုက်ပျိုးရေးတက္ကသိုလ် ပန်းခြံဥယျာဉ်ပညာဌာန၏ ပါမောက္ခ ဟိုရှီလင် သုတေသနပြုဖန်တီးသည့် “နှင်းဆီမုန်ညင်းဖြူ”ကို ဈေးကွက်သို့ တင်ပို့ရောင်းချရန် ကျောင်းသူကျောင်းသားများ အလုပ်စတင်ဖန်တီးခြင်းအဖွဲ့က ဆောင်ရွက်နေသည်။ “နှင်းဆီမုန်ညင်းဖြူ” ၏ပုံသဏ္ဌာန်သည် နှင်းဆီပန်းနှင့်တူပြီး ဗီတာမင် C ပါဝင်နှုန်းကို ကြွယ်ဝကာ ချိုလည်းချိုသည်။
သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန။
ဘာသာပြန် ။ ။ Yunnan Gateway
“နှင်းဆီမုန်ညင်းဖြူ” ကို ပြသနေစဉ်။
ဈေးကွက်သို့ တင်ပို့ရန် “နှင်းဆီမုန်ညင်းဖြူ”ကို အထုပ်ဖြင့်ထုပ်ပိုးနေစဉ်။
ပါမောက္ခ ဟိုရှီလင်(ဘယ်)နှင့် ဝန်ထမ်းများသည် “နှင်းဆီမုန်ညင်းဖြူ” စိုက်ပျိုးမှုအခြေအနေကို လေ့လာစစ်ဆေးနေစဉ်။