ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်အဆိုပြုချက်သည် မြန်မာအတွက် အကျိုးဆောင်ကျဉ်း နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

2019-02-19 18:24:43 |သတင်းအရင်းအမြစ် 新华社

မြန်မာနိုင်ငံ ရပ်ဝန်းတစ်ခု ၊ လမ်းကြောင်းတစ်သွယ် One Belt One Road(OBOR) နှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင်ကော်မတီသည် ဖေဖော်ဝါရီ(၁၈)ရက်နေ့က ပထမဦးဆုံးအကြိမ် အစည်းအဝေးကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် “‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’တည်ဆောက်ခြင်းသည် မြန်မာနှင့် ရပ်ဝန်း တစ်ခုလုံးအတွက် အကျိုးဆောင်ကျဉ်းနိုင်သည်”ဟု ပြောကြားခဲ့ပါသည်။

“နိုင်ငံများစွာသည် တရုတ်နိုင်ငံတင်ပြသော‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’အဆိုပြုချက် တွင် ပါဝင်နေကြောင်း၊ ၎င်းစီမံကိန်းသည် အခြေခံအဆောက်အအုံအပြင်၊ အခြားလုပ်ငန်းနယ်ပယ် တွင်လည်း ကျယ်ပြန့်စွာ ပေါင်းစပ်ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်သွယ်”လမ်းတစ်လျှောက်တွင် တည်ရှိနေပြီး စီမံကိန်းသို့ ပါဝင်ခြင်းသည် မြန်မာနှင့် ရပ်ဝန်းတစ်ခု လုံးအတွက် အခွင့်အရေးရရှိနိုင်ကြောင်း”စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် “အခြားနိုင်ငံက‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’စီမံကိန်းသို့ ပါဝင် သောအတွေ့ အကြုံကို သုတေသနပြုလေ့လာရမည်ဖြစ်ကြောင်း၊ အကျိုးဆောင်နိုင်သောစီမံကိန်းကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ဆိုင်ရာစီမံကိန်းကို ပိုမိုကောင်းမွန် အောင် အကောင်အထည်ဖော်ဆောင်ရန် မြန်မာ့ဌာနအသီးသီးအကြား အပြန်အလှန်ဖလှယ်ခြင်းကို တိုးမြှင့်ဆောင်ရွက်သင့်ပါကြောင်း”စသဖြင့် ကော်မတီဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဒုသမ္မတ(၁)ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.
ပုံ၊ Online Photo.

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006