(၄)ကြိမ်မြောက် ကူမင်းမြို့ အစိုးရဝန်ထမ်းများ အခမဲ့သွေးလှူဒါနပြုခြင်းလအစီအစဉ် ကျင်းပ

2019-02-20 18:25:27 |သတင်းအရင်းအမြစ် 云桥网

(၄)ကြိမ်မြောက် ကူမင်းမြို့ အစိုးရဝန်ထမ်းများ အခမဲ့သွေးလှူဒါနပြု ခြင်းလအစီအစဉ်ကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့က ကူမင်းစည်းဝေးခန်းမဆောင်ရှေ့တွင် ကျင်းပကြောင်း သိရသည်။

ကူမင်းသွေးလှူဘဏ်တွင် သွေးလိုအပ်ချက် ပြည့်ဝစေရန် ၊ အစိုးရဝန်ထမ်းများ ဦးဆောင်ခြင်းစံနမူနာပြု လှူဒါန်းကြခြင်း မှတစ်ဆင့် မြို့သူမြို့သားများ အခမဲ့သွေးလှူဒါနပြုခြင်းအခမ်းအနားသို့ ပါဝင်စေရန်အတွက် ရည်ရွယ်ကာ ယခုအစီအစဉ်ကျင်းပခြင်း ဖြစ်သည်။

“သွေးက အသစ်ပြန်ဖြစ်နိုင်တယ်၊ ဒါပေမဲ့ လူတစ်ယောက်အသက်ကို ကယ်ဆယ်ခြင်းက အချိန် စောင့် လို့မရနိုင်ဘူး။ မိမိကိုယ်ခန္ဓာကျန်းမာမှ ခဏခဏသွေးသွားလှူနိုင်မယ်”ဟု ကူမင်းမြို့ပါတီကော်မတီ ပေါ်လစီသုတေသနပြုခြင်းဌာန ဒုသုတေသီပညာရှင်လျှိုကော်ဟွာမှ ပြောသည်။

သတင်းထောက်စုစည်းရရှိသော သတင်းအချက်အလက်အရ၊ အဆိုပါအစီအစဉ်တွင် ပါဝင်သူ တစ်နှစ် ထက်တစ်နှစ် တိုးတက်လျှက်ရှိနေပြီး ယမန်နှစ်က လူဦးရေ(၄၈၀၀) ဦးရှိကာ ၎င်းအနက် များသော အားဖြင့် အကြိမ်ပေါင်းများစွာ သွေးလှူဒါနပြုသူများဖြစ်သည်။

“ရာသီဥတု၊ တက္ကသိုလ်ကောလိပ်ကျောင်းပိတ်ခြင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဇာတိပြန်ခြင်း တွေရှိနေလို့ လက်ရှိအချိန်မှာ ကူမင်းသွေးအလှူခံရရှိမှုက အနိမ့်ဆုံးအခြေအနေဖြစ်နေတယ်။ နေ့စဉ် မြို့သူမြို့သား(၅၀၀)ယောက်က သွေးလှူတာမို့ ကူမင်းမြို့က ဆေးရုံ(၃၀၀)ခန့်မှာ သွေးလိုအပ်ခြင်းကို ဖြည့်ဆည်းပေးနိုင်တယ်။ ဒီအစီအစဉ်လှုပ်ရှားမှုကျင်းပခြင်းက သွေးလိုအပ်ချက်နည်းပါးခြင်း အခြေ အနေကို လျှော့ချစေတယ်” ဟု ကူမင်းသွေးလှူဘဏ်၏ ဒုတာဝန်ရှိသူ ချဲကျုံးမင်က ပြောကြားခဲ့သည်။

(Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006