အာရှပိုက်ကျော်ခြင်းတံခွန်စိုက်ပြိုင်ပွဲ ကူမင်းမြို့တွင် ကျင်းပ

2019-02-27 18:21:00 |သတင်းအရင်းအမြစ် 云南日报

၂၀၁၉ ခုနှစ် အာရှပိုက်ကျော်ခြင်းတံခွန်စိုက်ပြိုင်ပွဲ စတင်ခြင်းအခမ်းအနားကို ယူနန်ပြည်နယ် စီးပွားရေးတက္ကသိုလ်တွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ကျင်းပခဲ့သည်။ ယခုနှစ် ဇွန်လတွင် အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲကို ကူမင်းမြို့၌ ယှဉ်ပြိုင်မည်ဖြစ်ရာ အာဆီယံနိုင်ငံ(၁၀)နိုင်ငံ၊ ဂျပန်၊ ကိုးရီးယား စသည့်နိုင်ငံ(၂၄)ခုနှင့် တရုတ်နိုင်ငံဟောင်ကောင်နှင့် ထိုင်ပေဒေသမှ ပိုက်ကျော်ခြင်းလက်ရွေးစင်များ ဆုံဆည်းကာ အတူတကွ ဆင်နွှဲယှဉ်ပြိုင်မည်ဖြစ်သည်။

ပိုက်ကျော်ခြင်းအားကစားသည် ရိုးရာအားကစားလှုပ်ရှားမှုတစ်ခုဖြစ်ပြီး အားပေးကြည့်ရှုခြင်း၊ ယှဉ်ပြိုင်ခြင်းနှင့် ဖျော်ဖြေခြင်းများစွာ ပါရှိသည်။ ဤအားကစားလှုပ်ရှားမှုသည် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘာဒီးယား စသည့်နိုင်ငံများတွင် အလွန်ရေပန်းစားလျက်ရှိသကဲ့သို့ ယူနန်ပြည်နယ် တယ်ဟုန်၊ စစ်ဆောင်ပန်းနား စသည့်နယ်စပ်ဒေသနေ ပြည်သူပြည်သားတို့သည် ပိုက်ကျော်ခြင်း ကစားလေ့ရှိကြသည်။

၂၀၁၉ ခုနှစ် ပိုက်ကျော်ခြင်းတံခွန်စိုက်ပြိုင်ပွဲသည် ကမ္ဘာ့အဆင့်မြင့်ဆုံး ပိုက်ကျော်ခြင်းပြိုင်ပွဲဖြစ်ပြီး အာရှပိုက်ကျော်ခြင်းပြိုင်ပွဲအဖွဲ့ချုပ်၊ တရုတ်နိုင်ငံ နိုင်ငံတော်အားကစားလှုပ်ရှားမှုရုံးချုပ် ဘောလုံးအားကစားလှုပ်ရှားမှု စီမံအုပ်ချုပ်ရေးစင်တာ၊ တရုတ်ပိုက်ကျော်ခြင်းအားကစားအသင်း၊ ယူနန်ပြည်နယ်အားကစားလှုပ်ရှားမှုဌာနနှင့် ကူမင်းမြို့အစိုးရတို့ ဦးစီးကျင်းပကာ ယူနန်စီးပွားရေးတက္ကသိုလ်၊ ကူမင်းမြို့ယဉ်ကျေးမှုအသံလွှင့်နှင့်ရုပ်မြင်သံကြား အားကစားဌာနနှင့် ယူနန်ခိုင်ဘောရင်လုံး အားကစားယဉ်ကျေးမှုပြန့်ပွားရေး ကုမ္ပဏီလီမိတက်တို့မှ တာဝန်ယူ၍ ကျင်းပမည် ဖြစ်သည်။

ယခုအကြိမ်ပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အသင်း၏အဖွဲ့ဝင်များကို ပါဝင်ယှဉ်ပြိုင်ရန် စေလွှတ်မည်ဖြစ်ကြောင်း၊ ၎င်းလက်ရွေးစင်များသည် နိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးအကြိမ် ဆင်နွှဲခြင်းဖြစ်ကြောင်း၊ ခိုင်ဘောရင်လုံးအားကစားကလပ် အင်စပက်တော်ချုပ် လီဟွေပင်က မိတ်ဆက်ပြောကြားပါသည်။ အဆိုပါစတင်ခြင်းအခမ်းအနားကို ကျင်းပပြီးနောက် ဤကလပ်သည် ယူနန်စီးပွားရေးတက္ကသိုလ်တွင် ပိုက်ကျော်ခြင်းအားကစားအခြေစိုက်စခန်း ဖွင့်လှစ်မည်ဖြစ်ပြီး ယူနန်ပြည်နယ်တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် ပိုက်ကျော်ခြင်းအားကစားသမားများအား ရွေးချယ်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတံခွန်စိုက်ပြိုင်ပွဲ အောင်နိုင်ရေးအတွက် စနေ၊ တနင်္ဂနွေနေ့များတွင် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို စီးပွားရေးဇုန်အသီးသီးတွင် ကျင်းပမည်ဖြစ်ကာ ကူမင်းမြို့သူမြို့သားများအား ပိုက်ကျော်ခြင်းအားကစားလှုပ်ရှားမှု၏ဆွဲဆောင်မှုကို လက်တွေ့ခံစားနိုင်စေရန် ရည်ရွယ်ထားပါသည်။

သတင်းထောက်--Lou Ying

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006