ဖေဖော်ဝါရီလ(၂၂)ရက်နေ့က တရုတ်နိုင်ငံတော်စာရင်းအင်းအမျိုးသားဗျူရို၊ တရုတ်နိုင်ငံ အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန၊ တရုတ်စာပို့လုပ်ငန်းအုပ်စုနှင့် ပေကျင်းတက္ကသိုလ် နိုင်ငံတော်ဖွံ့ဖြိုးမှုအကယ်ဒမီတို့ ပူးပေါင်းကာ “တရုတ်နိုင်ငံ စီးပွားရေးနှင့်လူနေမှုဘ၀ စစ်တမ်း”ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ခုနှစ် ချမ်းမြေ့သောဘ၀ အညွှန်းအမြင့်ဆုံးသော ပြည်နယ်အဆင့် မြို့တော်နှင့် တိုက်ရိုက်အုပ်ချုပ်သော မြို့စာရင်းကို ပေကျင်းမြို့တွင် ထုတ်ပြန်ကြေညာရာ ကူမင်းမြို့သည် ၎င်းစာရင်းတွင် ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိပါသည်။
“ချမ်းမြေ့သောဘ၀မြို့”စာရင်းသည် “တရုတ်နိုင်ငံ စီးပွားရေးနှင့်လူနေမှုဘ၀ စစ်တမ်း”ကို အခြေခံကာ တရုတ်အိမ်ထောင်စု တစ်သိန်းအား စူးစမ်းလေ့လာပြီး ကောက်ယူထားခြင်းဖြစ်ကြောင်း၊ ဤစစ်တမ်းမှာ ဘက်ပေါင်းစုံမှနေ၍ တရုတ်ပြည်သူပြည်သားတို့ နေထိုင်မှုဘ၀၊ အလုပ်အကိုင်၊ ပြည်သူ့ဝန်ဆောင်မှု၊ လူနေမှုစီမံအုပ်ချုပ်ခြင်း စသည့်ကဏ္ဍများတွင် ကျေနပ်သည့်အဆင့်၊ ရရှိမှု၊ လုံခြုံရေးနှင့် ချမ်းသာခြင်း စသည့်အချက်များ အခြေခံကာ ချမ်းမြေ့သောဘ၀ကို ခံစားချက်သိရှိရန် ရည်ရွယ်ထားကြောင်း၊ ၎င်းလေ့လာဆန်းစစ်ချက်များဖြင့် “တရုတ်ချမ်းမြေ့သောဘ၀အညွှန်း”ကို ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။
၂၀၀၆ ခုနှစ်မှစ၍ “တရုတ်နိုင်ငံ စီးပွားရေးနှင့် လူနေမှုဘ၀ စစ်တမ်း”တွင် နှစ်စဉ် တရုတ်နိုင်ငံမြို့ပြ(၁၀၀)ကျော်၊ ခရိုင်(၃၀၀)ကျော်ရှိ အိမ်ထောင်စုတစ်သိန်းအား စူးစမ်းလေ့လာခဲ့ကြောင်း၊ ယခုအထိ (၁၃)နှစ်တာ လုပ်ဆောင်ပြီး တရုတ်နိုင်ငံအိမ်ထောင်စု(၁၃)သိန်းအား စူးစမ်းလေ့လာနိုင်သည့်အတွက် “ချမ်းမြေ့သောဘ၀”ဟူသော အဓိကဆောင်ပုဒ်ဖြင့် စစ်တမ်းကောက်ယူမှုမှာ အကြီးဆုံး ဖြစ်ကြောင်း သိရပါသည်။
သတင်းထောက်--Cha Zhifu