၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲ (အောက်တွင် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲ ဟုအတိုချုံးခေါ်ဝေါ်သည်) နှင့်ဒုတိယအကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် မိတ်ဆက်ပွဲကို ပေကျင်းမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရပါသည်။
ယခုနှစ် ဇွန်လ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့ထိ “တံခါးဖွင့်လှစ်သော ရှေ့တန်းနေရာတွင် အတူဆုံဆည်းခြင်း၊ ကျယ်ပြန့်စွာအကျိုးပြုသောစင်တာကို အတူတည်ဆောက်ခြင်း၊ ချမ်းမြေ့သော ဖွံ့ဖြိုးတိုးတက်မှုကို အတူမျှဝေခြင်း” ဟူသော အဓိကဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ကူမင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် “ဒေသထူးခြားချက်” ကို ပေါ်လွင်စေရန်လည်းကောင်း၊ “ဒေသပူးပေါင်းဆောင်ရွက်မှု”ကို မြှင့်တင်စေရန်လည်းကောင်း ရည်ရွယ်၍ မြစိမ်းရောင် စွမ်းအင်အရင်းအမြစ်ပြခန်း၊ မြစိမ်းရောင်အစားအသောက်ပြခန်း၊ ဇီဝဆေးပညာနှင့် ကျန်းမာရေးပြခန်း၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးပြခန်း၊ အရှေ့တောင်အာရှပြခန်း၊ တောင်အာရှပြခန်း၊ ပြည်ပပြခန်း၊ ပြည်တွင်းပြခန်း၊ ထိုင်ဝမ်ပြခန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုပြခန်း စသည့်ပြခန်း(၁၇)ခု ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါပြပွဲတွင် စံပြသတ်မှတ်ပြခန်းနေရာ (၇၅၀၀)ခုရှိပြီး ခင်းကျင်းပြသမည့်ဧရိယာမှာ (၁.၇)သိန်းစတုရန်းမီတာရှိကြောင်း၊ ၎င်းကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပစဉ်ကာလတွင် ဒုတိယအကြိမ် တရုတ်-တောင်အာရှပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ ၁၇ ကြိမ်မြောက် အာဆီယံ တရုတ် ကုန်သည်ကြီးများ ဆွေးနွေးပွဲ၊ (၈)ကြိမ်မြောက် ယူနန်-ထိုင်ဝမ်ဆွေးနွေးပွဲ၊ (၁၄)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်သွယ်ရေးဖိုရမ်၊ (၃)ကြိမ်မြောက် တရုတ်-အရှေ့တောင် အာရှကုန်သွယ်ရေး ဖိုရမ်၊ ၂၀၁၉ ခုနှစ် တောင်အာရှ အရှေ့တောင်အာရှ နည်းပညာလွှဲပြောင်းဆောင်ရွက်ခြင်း ညှိနှိုင်းဆွေးနွေးပွဲ၊ (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှ Think Tank ဖိုရမ် စသည့်လှုပ်ရှားမှုအစီအစဉ်များကို ကျင်းပမည်ဖြစ်ကြောင်း၊ အလွှာပေါင်းစုံမှ အစိုးရဌာနနှင့် ကုန်သွယ်ရေးအသင်းများအား ဖိတ်ကြားကာ ရင်းနှီးမြှုပ်နှံမှုပေါ်လစီ၊ ပတ်ဝန်းကျင်နှင့် စီမံကိန်းများကို မိတ်ဆက်မည်ဖြစ်ကြောင်း၊ အလွှာပေါင်းစုံမှ ရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းနှင့် တရုတ်လုပ်ငန်းအဖွဲ့မှ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းကို ထောက်ပံ့ပေးကာ ပိုများသောသဘောတူညီချက်ကို ရရှိစေရန် မြှင့်တင်ပေးမည် ဖြစ်ကြောင်း သိရပါသည်။