တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ယနေ့ ( မတ် ၁၃ ရက် ) နံနက်ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။
ပေကျင်းမြို့ မဟာပြည်သူ့ ခန်းမ၌ ကျင်းပသည့် ပိတ်ပွဲအခမ်းအနားသို့ သမ္မတရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့သည်။
CPPCC အမျိုးသားကော်မတီ၏ အမြဲတမ်းကော်မတီမှ တင်သွင်းသော အကြံပြုချက်များ လေ့လာစမ်းစစ်ခြင်း အစီရင်ခံစာမူကြမ်းတစ်ခု နှင့် နိုင်ငံရေးညှိနှိုင်းမှုဆိုင်ရာ ဥပဒေမူကြမ်း တစ်ခု၏ အလုပ်အစီရင်ခံစာ ဥပဒေမူကြမ်းအတွက် နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များက ဆန္ဒမဲ ပေးကြမည်ဖြစ်ကြောင်း သိရသည်။
(Xinhua)