ယူနန်ပြည်နယ် ၂၀၁၉ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ခြင်းလှုပ်ရှားမှုနှင့် လန်ချန်း-မဲခေါင်အထိမ်းအမှတ်သီတင်းပတ် စတင်

2019-03-19 18:31:05 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်ပြည်သူ့အစိုးရမှ ဦးစီးပြီး ယူနန်ပြည်နယ်နိုင်ငံခြားရေးရုံးနှင့် ယူနန်တက္ကသိုလ်တို့မှ တာဝန်ယူကာ ယူနန်ပြည်နယ်ပညာရေးပုံနှိပ်ထုတ်ဝေရေးဌာနမှ ပူးပေါင်းကျင်းပသော ယူနန်ပြည်နယ် ၂၀၁၉ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ခြင်းလှုပ်ရှားမှုနှင့် လန်ချန်း-မဲခေါင်အထိမ်းအမှတ် သီတင်းပတ်ကို ယူနန်တက္ကသိုလ်တွင် မတ်လ(၁၈)ရက်နေ့က စတင်ကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သိရပါသည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ(၁၀)ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဒုတိယအကြိမ်ခေါင်းဆောင်အစည်းအဝေးတွင် လန်ချန်း-မဲခေါင်အထိမ်းအမှတ်သီတင်းပတ် (နှစ်စဉ် မတ်လ(၂၃)ရက်နေ့ ပါဝင်သော သီတင်းပတ် ဖြစ်သည်) အဖြစ် သတ်မှတ်ထားကြောင်း ပြီးခဲ့သည့်ပထမအကြိမ် ခေါင်းဆောင်အဆင့်အစည်းဝေးတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် (၆)နိုင်ငံတို့မှ ခေါင်းဆောင်တို့က သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် ယခုနှစ် ဒုတိယအကြိမ် လန်ချန်း-မဲခေါင်အထိမ်းအမှတ် သီတင်းပတ်ကို မတ်လ(၁၈)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိကကြီးမှူးသည့်အတွက် ယူနန်ပြည်နယ်သည် ပြီးခဲ့သောနှစ် ၂၀၁၈ ခုနှစ် လန်ချန်း-မဲခေါင် အထိမ်းအမှတ် သီတင်းပတ်လှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

ယခုနှစ် လန်ချန်း-မဲခေါင်အထိမ်းအမှတ် သီတင်းပတ်လှုပ်ရှားမှု ကျင်းပသည့်ကာလအတွင်း လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ (၆)နိုင်ငံတို့သည် လူငယ်ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်မှုပြပွဲ၊ အနုပညာတင်ဆက်မှု၊ Think Tank ဖိုရမ် စသည့် ဆန်းတင့်ဝေဆာလှသော လှုပ်ရှားမှုများစွာကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစတင်ခြင်း (၃)နှစ်မြောက်အခမ်းအနားကို ဂုဏ်ပြုရန် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ တမူထူးခြားသော ဆွဲဆောင်မှုနှင့် အောင်သီးအောင်နှံများစွာကို အပြည့်အ၀ ဖော်ပြထားကြောင်း သိရပါသည်။

အဆိုပါစတင်ခြင်းအခမ်းအနားတွင် စာအုပ်သစ် ပထမအကြိမ်ထုတ်ဝေခြင်း အခမ်းအနားနှင့် စာအုပ်လက်ဆောင် ပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ယူနန်တက္ကသိုလ်မှ တရုတ်ကျောင်းသားနှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများမှ ပညာတော်သင်တို့သည် ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုကို အတူတကွ တင်ဆက်ဖျော်ဖြေကြသည်။ ၎င်းစတင်ခြင်းအခမ်းအနား စတင်ပြီးနောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးဖွံ့ဖြိုးမှုအသိုင်းအ၀န်း တည်ဆောက်ရေး Think Tank ဖိုရမ်၊ လန်ချန်း-မဲခေါင်ပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲ စသည့်လှုပ်ရှားမှု (၃၀)ကျော်ကို ယခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။

သတင်းထောက် - - Wu Ping၊ Han Chengyuan၊ Li Zha

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006