အီတလီ၊ မိုနာကို ၊ ပြင်သစ်နိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် သမ္မတ ရှီကျင့်ဖိန် ပေကျင်းမြို့မှစတင်ထွက်ခွာ

2019-03-21 18:30:44 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတ Sergio Mattarella ၊ မိုနာကိုနိုင်ငံ အကြီးအကဲ Albert II နှင့် ပြင်သစ်နိုင်ငံသမ္မတ Emmanuel Macron တို့ ၏ ဖိတ်ကြားချက်အရ ၄င်းနိုင်ငံများသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့(မတ် ၂၁ ရက်)တွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပေါ်တူဂီနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးသွားရောက်သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ဇနီး ဖုန်လိယွမ်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတရှီနှင့်အတူ ဇနီး ဖုန်းလိယွမ် ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့  လိုက်ပါသွား ကြောင်း သိရသည်။

(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006