လန်ချန်းမြစ်-မဲခေါင်မြစ် အထိမ်းအမှတ်သီတင်းပတ်နှင့် ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ် အပြည်ပြည်ဆိုင်ရာနေ့လှုပ်ရှားမှု စတင်

2019-03-25 18:46:02 |သတင်းအရင်းအမြစ် 云南日报

မတ်လ(၂၃)ရက်နေ့ ၂၀၁၉ ခုနှစ် လန်ချန်းမြစ်-မဲခေါင်မြစ်အထိမ်းအမှတ်သီတင်းပတ်နှင့် ယူနန်တိုင်းရင်းသားလူမျိုးစု တက္ကသိုလ် အပြည်ပြည်ဆိုင်ရာနေ့လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ် ချိန်ဂုံကျောင်းဝန်းတွင် ကျင်းပကြောင်း သိရပါသည်။

ဤလှုပ်ရှားမှုတွင် လန်ခန်းမြစ်-မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများမှ ကျောင်းသူကျောင်းသားက အဆိုအက တင်ဆက် ဖျော်ဖြေပွဲ၊ လန်ချန်း-မဲခေါင် နိုင်ငံတကာအသက်မွေးဝမ်းကျောင်းကောလိပ်၏ ကျောင်းသားလက်ရာမွန်ပြပွဲ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ခြင်းရလဒ် ဓာတ်ပုံပြပွဲ စသည့်အကြောင်းအရာများဖြင့် ပါဝင်ဆင်နွှဲကြောင်း၊ ယနေ့မှ မေလ(၁၀)ရက်နေ့အထိ ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်သည် “လန်ချန်း-မဲခေါင်ပုံပြင်များပြောဆိုခြင်း၊ လန်ချန်း-မဲခေါင်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းခြင်း” ဟူသောဆောင်ပုဒ်ဖြင့် ပုံပြင်များစုဆောင်းခြင်းလှုပ်ရှားမှုကို ကျင်းပကြောင်း သိရပါသည်။

ကူမင်းမြို့အခြေစိုက် ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ် စသည့်နိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံးမှ အရာရှိများ အဆိုပါလှုပ်ရှားမှုကို ပါဝင်တက်ရောက်ကြကြောင်း သိရပါသည်။

သတင်းထောက်--Han Chengyuan၊ Chen Yixi၊ Li Zha

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006