ကျောင်းတတ်သည့်အခါ ပြည်ထွက်သည်။ ကျောင်းဆင်းသည့်အခါ ပြည်ဝင်သည်။ မြန်မာနိုင်ငံ မူလတန်း ကျောင်းသားများသည် ရွှေလီပြည်ဝင်ပြည်ထွက် လူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးစခန်း ရင်ကျင်နယ်ခြားဂိတ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောင်းတက်ကျောင်းဆင်းချိန်တိုင်းတွင် နေ့စဉ် သွားလာလျက်ရှိနေပါသည်။ ဆောင်းရာသီမှ နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသည်နှင့်အမျှ တရုတ်-မြန်မာနယ်စပ်ဒေသတွင် သာယာလှပသော မြင်ကွင်းကို တွေ့မြင်နေရပါသည်။
မြန်မာနိုင်ငံမှကျောင်းသားများသည် ရင်ကျင်နယ်ခြားမူလတန်းကျောင်းသို့ လာရောက် ပညာသင်ယူ ရာတွင် အဆင်ပြေရန်အတွက် ရင်ကျင်နယ်ခြားဂိတ်သည် မြန်မာနိုင်ငံ မူလတန်းကျောင်းသားများအတွက် “ပြည်ဝင်ပြည်ထွက် ဦးစားပေးစစ်ဆေးကတ်” ထုတ်ပေးကာ လွယ်ကူအဆင်ပြေသော ပြည်ဝင်ပြည်ထွက် လမ်းကြောင်းကို ဖွင့်လှစ်ပေးခဲ့သည်။ “ပြည်ဝင်ပြည်ထွက် ဦးစားပေးစစ်ဆေးကတ်”ကို ချိတ်ဆွဲထားပါက နယ်ခြားစောင့်တပ်များမှ ကျောင်းသူကျောင်းသားကလေးများအား လိုက်ပို့ပေးကြရာ မြန်မာနိုင်ငံမှ ကျောင်းသားများသည် နယ်စပ်ပြည်ဝင်ဂိတ်ကို ၀င်ရောက်ပြီး လွယ်ကူအဆင်ပြေစွာ ဖြတ်သန်းသွားလာကာ ကျောင်းတက်နိုင်ကြသည်။ ထို့ပြင် ဤနယ်ခြားဂိတ်သည် သူတို့အတွက် ဥပဒေစည်းကမ်းများ၊ ဘေးကင်းလုံခြုံရေးဗဟုသုတ၊ နိုင်ငံတော်ကာကွယ်ရေးပညာပေးခြင်းနှင့် သက်ဆိုင်ရာလှုပ်ရှားမှုအမျိုးမျိုးတို့ကို ကျင်းပလေ့ရှိသည့်အတွက် မြန်မာနိုင်ငံမူလတန်းကျောင်းသားများ၏ ကျေနပ်မှုကို ရရှိပါသည်။
(Yunnan Gateway)