ရှန်ယန်း ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
၁၉၅ဝ-၅၃ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သော တရုတ်စစ်သားရုပ်ကြွင်း ၁ဝ လောင်းကို မြောက်ကိုရီးယားနိုင်ငံမှ မိခင်တရုတ်နိုင်ငံသို့ ဧပြီ ၃ ရက်တွင် ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ကိုရီးယားစစ်ပွဲအတွင်းကျဆုံးခဲ့သော တရုတ်စစ်သားများ၏ ရုပ်ကြွင်းများကို ပြန်လည်သယ်ဆောင်ခြင်းအခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)
ရုပ်ကြွင်းများ နှင့် တရုတ်စစ်သားများ၏ ပိုင်ဆိုင်မှု ပစ္စည်းပေါင်း ၁၄၅ ခုကို တင်ဆောင်လာသော လေယာဉ်အား တရုတ်ဂျက်တိုက်လေယာဉ် နှစ်စင်းက ဝန်းရံလိုက်ပါလျက် တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်း လျောင်းနင်ပြည်နယ် ရှန်ယန်းလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၆ မိနစ်တွင် ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
လေဆိပ်၌ ကျင်းပသည့် အာဇာနည်ရုပ်ကြွင်းများ ကြိုဆိုပွဲအခမ်းအနားသို့ ဧည့်ပရိသတ် ၂ဝဝ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါ အာဇာနည်ရုပ်ကြွင်းများကို ရှန်ယန်းရှိ အာဇာနည်ပန်းခြံ၌ ဧပြီ ၄ ရက်တွင် မြှုပ်နှံသွားမည်ဖြစ်သည်။ ယင်းအာဇာနည်ပန်းခြံထဲတွင် မြောက်ကိုရီးယားနိုင်ငံမှ ပြန်လည်သယ်ဆောင်ခဲ့သော ရုပ်ကြွင်းစုစုပေါင်း ၅၈၉ လောင်းကို ၂ဝ၁၄ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အတွင်း မြှုပ်နှံပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့ အပျော်တမ်းတပ်ဖွဲ့ ဝင်များသည် မြောက်ကိုရီးယားတပ်ဖွဲ့ ဝင်များနှင့်အတူ လက်တွဲ၍ အမေရိကန်ဦးဆောင်သော ကုလသမဂ္ဂတပ်ဖွဲ့ ဝင်များနှင့် တောင်ကိုရီးယားတပ်ဖွဲ့ များကို ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။(Xinhua)