ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချူပ် လီခဲ့ချန်သည် ဘရပ်ဆဲမြို့တွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်၊ ခရိုအေးရှားနိုင်ငံတွင် ကျင်းပမည့် ၈ ကြိမ်မြောက် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ၏ ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်နှင့် ခရိုအေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် ဧပြီလ ၈ ရက်၌ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် လီ၏ ခရီးစဉ်၌ ၎င်း၏ ဇနီး ချန်ဟုန်၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု ကော်မရှင် အကြီးအကဲ ဟဲလိဖုန်း တို့လိုက်ပါသွားခဲ့ကြသည်။ (Xinhua)