၂၀၁၉ ခုနှစ် စီးပွားရေးကူးလူးဖလှယ်ပွဲ ကြိုတင်ပြင်ဆင်မှု အဆင်ပြေနေပြီး “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြခန်း၊ သန့်စင်စွမ်းအင်ပြခန်း၊ လက်ဖက်နှင့် ခွံမာသီးပြခန်းများ ပထမဆုံးအကြိမ် ပါဝင်ပြသမည်

2019-04-09 18:12:09 |သတင်းအရင်းအမြစ် 云南日报

ယခုအချိန်တွင် ၂၀၁၉ ခုနှစ် စီးပွားရေးကူးလူးဖလှယ်ပွဲဆိုင်ရာ ပြင်ဆင်မှုများကို အဆင်ပြေစွာ ပြုလုပ်နေပြီး သက်ဆိုင်ရာလုပ်ငန်း အသီးသီးကိုလည်း အစီအစဉ်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော တောင်အာရှ-အရှေ့တောင်အာရှ နိုင်ငံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးကူးလူးဖလှယ်ပွဲ (အောက်တွင် “စီးပွားရေးကူးလူးဖလှယ်ပွဲ” ဟုသုံးသည်) အလုပ်အမှုဆောင်ကော်မတီ မျက်နှာစုံညီအစည်းအဝေးမှ သိရသည်။

အဆိုပါ ၂၀၁၉ ခုနှစ် စီးပွားရေးကူးလူးဖလှယ်ပွဲအား “ပွင့်လင်းမှုကိုရှေ့တန်းတင်ကာ ၀ိုင်းဝန်းစုစည်း အတူဆောင်ရွက်ခြင်း၊ ခွဲဝေဖြာထွက်ရန် ဗဟိုကို အတူတည်ထောင်ခြင်း၊ စည်ပင်သာသာဖွံဖြိုးတိုးတက်ရေး အတူမျှဝေခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကူမင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဤတစ်ကြိမ် စီးပွားရေးကူးလူးဖလှယ်ပွဲဆိုင်ရာ ပြခန်းများစီစဉ်ရာတွင် ယူနန်ပြည်နယ် “ပွင့်လင်းမြင်သာစွာစုစည်းမှု၊ ဖြာထွက်ရန်ဗဟို” ပြခန်းနေရာသတ်မှတ်ခြင်း၊ အရေးပါသော ကုန်ထုတ်လုပ်ငန်း ၈ ခု၊ ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ် ၃ ခုကို ပစ်မှတ်ထားကာ အာရုံစိုက်စေရန် စီစဉ်ဆောင်ရွက်သည်။ တောင်အာရှပြခန်း ၂ ခု၊ အရှေ့တောင်အာရှပြခန်း ၂ ခု၊ ပြည်ပပြခန်း၊ ထိုင်ဝမ်ပြခန်း၊ ပြည်တွင်းပြခန်း၊ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြခန်း၊ ဇီဝဆေးကုသရေးနှင့် ကျန်းမာရေးပြခန်း၊ ကျန်းမာသောအစားအစာပြခန်း၊ သန့်စင်စွမ်းအင်ပြခန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပြခန်း၊ လျှပ်စစ်နှင့်စက်မှုပြခန်း၊ လက်ဖက်နှင့် ခွံမာသီးပြခန်း၊ ခေတ်မီနေထိုင်စားသောက်မှုပြခန်း၊ သစ်သားယဉ်ကျေးမှုပြခန်း၊ ဖွင့်ပွဲအခမ်းအနားနေရာ စသည့်အဓိကပြခန်းခေါင်းစဉ် ၁၇ ခု စီစဉ်ထားသည်။ ပြပွဲသည် စတုရန်းမီတာ ၁၇၀၀၀၀ ၀န်းကျင်ရှိပြီး စံမီပြခန်း ၇၅၀၀ ခု ၀န်းကျင်ခန့်ရှိသည်။ အဓိကပြခန်းခေါင်းစဉ် ၁၇ ခုတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပြခန်း၊ သန့်စင်စွမ်းအင်ပြခန်း၊ လက်ဖက်နှင့်ခွံမာသီးပြခန်း များသည် ပထမဆုံးအကြိမ် တည်ထောင်ပြသခြင်း ဖြစ်ပါသည်။ လက်ရှိတွင် စီးပွားရေးကူးလူးဖလှယ်ပွဲတွင် ပါဝင်ပြသရန် ပြခန်းစုစုပေါင်း၏ ၆၀% ၀န်းကျင် အတည်ပြုပြီးဖြစ်ကြောင်း သိရသည်။

သတင်းထောက် ။ ။ ဟန်ချင်ယမ် ရွှန်ရမ် (ယူနန်နေ့စဉ်တသင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006