ဒေသစံတော်ချိန် ဧပြီလ ၉ ရက်နေ့ ညနေပိုင်းက ဘရပ်ဆဲမြို့တွင် တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဥရောပ ကောင်စီ ဥက္ကဋ္ဌ တူစ်က်၊ ဥရောပသမဂ္ဂ ကော်မရှင် ဥက္ကဋ္ဌ ဂျွန်ကာနှင့်အတူ ၂၁ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ပူးတွဲ ကြီးမှူးကျင်းပခဲ့ကြောင်း၊ ဆင်ဟွာသတင်း အရ သိရပါသည်။
ထိုသို့တွေ့ဆုံပွဲအပြီး နှစ်ဖက်တို့သည် ၂၁ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ရန် သဘောတူကြကြောင်း သတင်းရရှိပါသည်။