တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပြပွဲဖွင့်လှစ်

2019-04-16 16:09:29 |သတင်းအရင်းအမြစ်

ကွမ်ကျိုး၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

Canton ပြပွဲဟု လူသိများသော ၁၂၅ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန်ပြပွဲအား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့တော် ကွမ်ကျိုး၌ ဧပြီလ ၁၅ ရက်က ဖွင့်လှစ်လိုက်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသထက်ဝက်ကျော်မှ တက်ရောက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ၁၂၄ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန်ပြပွဲသို့ တက်ရောက်လာသူများ ဆွေးနွေးစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အစ္စရေးနိုင်ငံများအပါအဝင် ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၂၁ ခုမှ ကုမ္ပဏီ ၃၈၃ ခု ပါဝင်ကြောင်း ပြပွဲဖြစ်မြောက်ရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ရှုပင်းက ပြောကြားခဲ့သည်။

အဆိုပါ ပြပွဲသို့ တရုတ် အွန်လိုင်း လျှော့ဈေးဖြင့် လက်လီရောင်းဝယ်ရေးကုမ္ပဏီ Vip နှင့် ကမ္ဘာလုံးဆိုင်ရာ လက်လီအရောင်းဆိုင်ကြီးများဖြစ်သော Carrefour နှင့် Wal-Mart တို့ကဲ့သို့ ဝယ်လက်ကြီးများလည်း သွင်းကုန်ပြပွဲသို့ တက်ရောက်မည် ဖြစ်သည်။

၁၂၅ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန်ပြပွဲအား ဧပြီလ ၁၅ ရက်မှ မေလ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုလက္ခဏာတစ်ခုအဖြစ် ကျယ်ပြန့်စွာ မြင်တွေ့ရမည်ဖြစ်သည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006