ရန်ကုန် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန် ကြိုဆိုပွဲအား ယနေ့ တွင် ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်များ အတူတကွ ပျော်ရွှင်စွာဖြင့် ကြိုဆို ဆင်နွှဲခဲ့ကြသည်။
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၏ ၂၀၁၉ ခုနှစ် သင်္ကြန် ကြိုဆိုပွဲ ကျင်းပနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)
သင်္ကြန် ကြိုဆိုပွဲတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု အခမ်းအနား ကို ကျင်းပရခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ယခင် နိုင်ငံခေါင်းဆောင်များ အတူ ပြုစု ပျိုးထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အမွေ ဆက်ခံပြီး ထွန်းကားစေရန် နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခု သင်္ကြန် ကြိုဆိုပွဲအား နှစ်စဉ် ကျင်းပ သည့် အတွက် ၀မ်းသာမိကြောင်း ၊ မြန်မာတို့ ၏ ရိုးရာဓလေ့ အစဉ်အလာကို တရုတ်နိုင်ငံဘက်မှ ယခု ကဲ့သို့ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ နှင့် အတူ ပါဝင်ဆောင်ရွက်ပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ၂၀၁၉ ခုနှစ် သင်္ကြန် ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ သင်္ကြန် ကြိုဆိုပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက နှစ်သစ် အချိန်အခါတွင် မြန်မာပြည်သူ/သားများ ပျော်ရွှင်သကဲ့သို့ တရုတ်ပြည်သူ သမ္မတ နိုင်ငံ ပြည်သူ များလည်း ပျော်ရွှင်ကြပါစေဟု နှစ်သစ် ဆုတောင်းစကား ပြောကြားခဲ့သည်။
မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံး၌ ကျင်းပသော ၂၀၁၉ ခုနှစ် သင်္ကြန် ကြိုဆိုပွဲတွင် သင်္ကြန်တေး သရုပ်ဖော် ကပြဖျော်ဖြေ တင်ဆက်မှုများ နှင့်အတူ တက်ရောက်လာခဲ့ကြသည့် တရုတ် -မြန်မာ ဆွေမျိုးပေါက်ဖော်များ ပျော်ရွှင်စွာဖြင့် သင်္ကြန် ကြိုဆိုပွဲအား ပါဝင် ဆင်နွှဲခဲ့ကြသည်။(Xinhua)