ပထမ သုံးလအတွင်း တရုတ်ပြည် ဂျီဒီပီ ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် ၆့ ၎ ရာခိုင်နှုန်း တိုးလာ

2019-04-18 17:31:15 |သတင်းအရင်းအမြစ် CRI

တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ဒီလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ၊ ဒီနှစ် ပထမ သုံလအတွင်း တရုတ်ပြည် ဂျီဒီပီ ပမာဏဟာ ယွမ် ၂၁၃၄၃့ ၃ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၎ ရာခိုင်နှုန်း တိုးလာပါတယ်။ တစ်ချိန်တည်းမှာ ထုတ်ပြန်တဲ့ အလုပ်အကိုင် နေရာချထားမှု၊ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေ အစ ရှိတဲ့ စီးပွါးရေး လည်ပတ်မှု ဆိုင်ရာ အဓိက အညွှန်းကိန်းများကလည်း လျာထားတာထက် ပိုကောင်းမွန်တယ်လို့ သတင်းရရှိပါတယ်။ အဲဒီ ဂဏန်းတွေဟာ ဒီနှစ် တရုတ်ပြည် စီးပွါးရေး အစဦးပိုင်း အခြေအနေ ကောင်းမွန်တယ်လို့ ပြဆိုနေပါတယ်။ ဒါဟာ ဈေးကွက် ဆိုင်ရာ ယုံကြည်စိတ်များ တိုးလာစေတဲ့အပြင်၊ တစ်နှစ်တာလုံး စီးပွါးရေးဆိုင်ရာ ရည်မှန်းချက်များ ဖေါ်ဆောင်နိုင်ဖို့အတွက်လည်း အခြေအနေကောင်း ဖန်တီးပေးနေပါတယ်။

ဒီနှစ် ပထမ သုံးလအတွင်း တရုတ်ပြည် စီးပွါးရေးဟာ တည်ငြိမ်မှုထဲမှာ အရှိန်ကောင်းမွန်စွာနဲ့ တိုးတက် လာနေပြီး စီးပွါးရေး ဖွဲ့စည်းပုံလည်း ပိုပြီး ပြည့်စုံ ကောင်းမွန်လာနေပါတယ်။ ဒါ့အပြင် ဈေးကွက်ဆိုင်ရာ ယုံကြည်စိတ်လည်း ပိုပြီး အားကောင်းလာပါတယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားပါတယ်။

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု အဖြစ်နဲ့ တရုတ်ပြည် စီးပွါးရေး ပုံမှန် တိုးတက် လာခြင်းဟာ ကမ္ဘာကြီးအတွက် သတင်းကောင်း တစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ့ ငွေကြေး ရန်ပုံငွေအဖွဲ့က မကြာခင်က ထုတ်ပြန်တဲ့ ကမ္ဘာ့ စီးပွါးရေး မျှော်မှန်းချက်မှာ၊ ဒီနှစ် နိုင်ငံတကာ စီးပွါးရေး မျှော်မှန်းချက် စာရင်းတွေကို လျှော့ချ သတ်မှတ်လိုက်တယ်၊ ဒါပေမယ့် ကမ္ဘာ့ အဓိက စီးပွါးရေး အုပ်စုများထဲမှာ တရုတ်နိုင်ငံကိုပဲ စီးပွါးရေး တိုးတက်နှုန်းကို တိုးမြှင့် သတ်မှတ်လိုက်ပါတယ်လို့ သတင်းရရှိပါတယ်။ (ကျော့)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006