တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)
ပေကျင်း ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့ ၌ ယနေ့ (ဧပြီ ၂၃ ရက်) တွင်ကျင်းပပြုလုပ်သည့် ခေတ်သစ်ပိုးလမ်းမကြီး ကွန်ရက်သစ် ပထမကောင်စီ အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ ခဲ့ကြောင်း သိရသည်။
ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် တရုတ်နိုင်ငံတွင် မူလဘူတအစပျိုးခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းမှာ တစ်ကမ္ဘာလုံးအတွက် အခွင့်အလမ်းများ နှင့် အောင်မြင်မှုများကို ဆောင်ကြဉ်ပေးမည်ဖြစ်ကြောင်း ရှီ၏ သဝဏ်လွှာထဲတွင် ထည့်သွင်းဖော်ပြထားသည်။(Xinhua)