ဒုတိယအကြိမ်မြောက် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ နိုင်ငံခြားမီဒီယာတွေ့ဆုံပွဲတွင် ယူနန်ပြည်နယ်ဆိုင်ရာ အခန်းကဏ္ဍ မိတ်ဆက်

2019-04-25 18:33:37 |သတင်းအရင်းအမြစ် 云桥网

ဒုတိယအကြိမ်မြောက် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်လှစ်သည့် အချိန်သမယ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံခြားမီဒီယာများတွေ့ဆုံပွဲ၌ ယူနန်ပြည်နယ်ဆိုင်ရာအခန်းကဏ္ဍ မိတ်ဆက်ခြင်းအား ပေကျင်းနိုင်ငံတော်အစည်းအဝေးစင်တာတွင် ကျင်းပခဲ့ပါသည်။

"ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အခြေအနေကို မူတည်၍ ယူနန်ပြည်နယ်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစနစ်ကို အဖက်ဖက်တွင် ပါဝင်ဆောင်ရွက်ရန် စဉ်ဆက်မပြတ် တိုးတက်အောင် တည်ထောင်ထားပြီး လန်မဲပူပေါင်းဆောင်ရွက်မှု၊ မဲခေါင်မြစ်ဝှမ်းဒေသ ပူးပေါင်းဆောင်ရွက်မှု (GMS)၊ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ စသည့်ဒေသပူးပေါင်းဆောင်ရွက်မှုအတွက် အရးကြီးသော ပါဝင်ဆောင်ရွက်သူ ဖြစ်သည်။ မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို တည်ထောင်ထားသည်။ တောင်အာရှ ကုန်စည်ပြပွဲကို စုစုပေါင်း ၅ ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွပ်မှု ဖိုရမ်ကို ကျင်းပခဲ့ပါသည်။

အခြေခံအဆောက်အဦးများ အပြန်အလှန် ချိတ်ဆက် ဆက်သွယ်နေရာ ယူနန်ပြည်နယ်ရှိ တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို၊ တရုတ်-မြန်မာ (ရွှေလီမြို့အပိုင်း) အဝေးပြေးကားလမ်းဆိုင်ရာ ယူနန်ပြယ်နယ်အတွင်းရှိ လမ်းကြောင်းများ အားလုံးတည်ဆောက်ပြီးစီး၍ စတင်ပြေးဆွဲနိုင်ပြီ ဖြစ်သည်။ တရုတ်-ဗီယက်နမ် မီးရထားလမ်းကြောင်း၊ တရုတ်-လာအို မီးရထားလမ်းကြောင်း များ၏ ယူနန်ပြယ်နယ်အတွင်းပိုင်းလမ်းကြောင်းမှာလည်း အားလုံးတည်ဆောက်ပြီးစီးကာ စတင်ပြေးဆွဲနိုင်ပြီ ဖြစ်သည်။ တရုတ်-မြန်မာမီးရထားလမ်းကြောင်း တစ်ခုလုံးကိုလည်း အရှိန်မြင့်ကာ စတင်ဆောင်ရွက် နေပြီဖြစ်သည်။ ယူနန်ပြည်နယ်အတွင်းတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လေကြောင်းလမ်း ၈၁ ခုကို ဖွင့်လှစ်ပြေးဆွဲနေသည်။ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တည်ထောင်၍ အသုံးပြု လည်ပတ်နေပြီဖြစ်ပြီး ဗီယက်နမ်၊ လာအို၊ မြန်မာ နှင့်အတူ လျှပ်စစ်ဓာတ်အားကွန်ရက် စီးပွားရေးလုပ်ငန်း ဆက်သွယ်၍ ကူးသန်းရောင်းဝယ်သည်။ အပြည်ပြည်ဆိုင်ရာ ကူးလူးဆက်ဆံမှုအတွက် အကျိုးဆောင်ခြင်းကို အိမ်နီးချင်းနိုင်ငံ ၈ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင် နေသည်။

အဖက်ဖက်သော ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၂၀၁၈ ခုနှစ်တွင် သွင်းကုန်ပို့ကုန်ရောင်းဝယ်ရေးတွင် ဒေါ်လာ ၂၉.၈၉ ဘီလီယံ ရှိ၍ ၂၀၁၈ ခုနှစ်အထိ ယူနန်ပြည်နယ်သည် နိုင်ငံပေါင်း ၅၈ နိုင်ငံတွင် လုပ်ငန်းကုမ္ပဏီ ၇၈၈ ခုကို ရင်းနှီးမြှုပ်နှံ တည်ထောင်ထားပြီး အရင်းအနှီးတိုက်ရိုက်မြှုပ်နှံမှုတွင် ဒေါ်လာ ၁၀.၄၂၁ ဘီလီယံရှိသည်။

ပညာရေးအရည်အချင်း မြှင့်တင်ရန် ယူနန်ပြည်နယ်သို့ လာရောက်သည့် ပညာတော်သင်များသည် ၀.၁၈၈ သိန်းရှိသည်။ ခန်းညားသော ပြပွဲ၊ အခမ်းအနား စသည့်လှုပ်ရှားမှုအသီးသီးကို ကျင်းပခြင်းဖြင့် ယူနန်ပြည်နယ်ဆိုင်ရာ “ရောင်စုံလှပ ယူနန် •ခရီးလှည့်လည် နတ်ရွာမြေ” ဟူသော ရုပ်ပုံလွှာကို တည်ဆောက်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာသည် နိုင်ငံတော်အဆင့်ဖြစ်သော ယဉ်ကျေးမှုပြသရန် ပြတင်းပေါက်ကို ပူးပေါင်းတည်ထောင်ထားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006