"ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အဆိုပြုချက်တွင် ယူနန်ပြည်နယ်အနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိ

2019-04-26 18:41:43 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်အနေဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှ၊ အနောက်အာရှနှင့် ဆက်စပ်နေသည့် ထူးခြားသော ပထ၀ီအခြေအနေအားသာချက်များကို အသုံးချ၍ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းနှင့် အဖက်ဖက်သောနယ်ပယ်တွင် ဆက်လက်ကြိုးစားဆောင်ရွက်ခြင်း ဆိုသည်တို့မှာ စိုးရိမ်စရာမလိုသော အထူးဂရုစိုက် ဆောင်ရွက်နေသည့် အချက်များပင် ဖြစ်သည်။

လမ်းများအပြန်အလှန်ဆက်သွယ်ရေးတွင် ယူနန်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံနှင့် အပြန်အလှန် ဆက်သွယ်ရာတွင် တွန်းအားပေးဆောင်ရွက်မှုကို အရေးကြီးသော အလုပ်တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်နေသည်။ ယခုအချိန်တွင် တရုတ်-ဗီယက်နမ် မီးရထားလမ်း၏ ယူနန်ပြည်နယ်အတွင်းပိုင်းသည် ပုံမှန်လည်ပတ်နေပြီ ဖြစ်သည်။ တရုတ်-လာအို-ထိုင်း မီးရထားလမ်း၏ ယူနန်ပြည်နယ်အတွင်းပိုင်းနှင့် တရုတ်-မြန်မာ မီးရထားလမ်း၏ ယူနန်ပြည်နယ်အတွင်းပိုင်းသည် စတင်ပြေးဆွဲနိုင်ရန် ကြိုးစားတည်ဆောက်လျက် ရှိပါသည်။ ယူနန်ပြည်နယ်ရှိ တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို၊ တရုတ်-မြန်မာ အဝေးပြေးကားလမ်း ၃ လမ်း၏ ယူနန်ပြယ်နယ်အတွင်းရှိ လမ်းကြောင်းများ အားလုံးတည်ဆောက်ပြီးစီး၍ စတင်ပြေးဆွဲနိုင်ပြီ ဖြစ်သည်။

စွမ်းအင်အင်အားပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင် ယူနန်ပြည်နယ်သည် ကမ္ဘာ့အဆင့်မီ “အစိမ်းရောင် စွမ်းအင်” အမှတ်တံဆိပ်တည်ဆောက်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေပါသည်။ အဆိုပါနယ်ပယ်တွင် အိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖက်တွင်လည်း ကြီးမားသော အလားအလာ ရှိပါသည်။ ယူနန်ပြည်နယ်သည် ကုန်ထုတ်လုပ်မှုဆိုင်ရာ စွမ်းအင်အင်အားနယ်ပယ်တွင် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြီး နက်ရှိုင်းစွာနှင့် လုပ်ဆောင်၍ နိုင်ငံတကာစွမ်းအင်အင်အား ပူးပေါင်းဆောင်ရွက်ပုံစံဒေသကို တည်ထောင်မည် ဖြစ်သည်။ ထို့အပြင် ပညာရေးဆိုင်ရာ နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆေးကုသခြင်းဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကိုလည်း ပိုမိုတိုးချဲ့ အရှိန်မြင့်ဆောင်ရွက်နေပါသည်။ လန်ချန်မြစ်-မဲခေါင်မြစ် ခရီးသွားမြို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီကို တည်ထောင်ရန် တွန်းဆော်ဆောင်ရွက်နေပါသည်။

ယူနန်ပြည်နယ်သည် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့်အတူ ပိုမိုရင်းနှီးချစ်ခင်စွာ ဆက်သွယ်ခြင်းဖြင့် အမှန်တကယ် လက်တွေ့တိုးတက်သော ကံကြမ္မာအသိုင်းအ၀ိုင်းကို တည်ထောင်နိုင်မည် ဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006