ယခုလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် နိုင်ငံတကာ Belt and Road ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ် စားပွဲဝိုင်း ထိပ်သီး အစည်းအဝေး ကျင်းပ ပြီးစီး ခဲ့သည့် နောက်ပိုင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်း ယန့်ချီဟူ နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံပြီး၊ အစည်းအဝေး၏ အောင်ကျိုးရလဒ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က၊ Belt and Road ကမ်းလှမ်ချက် တင်ပြခဲ့သည့် ငါးနှစ်ကျော်အတွင်း မီဒီယာ မိတ်ဆွေများ၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက် အလေးထားမှု ရရှိခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ် ဖွင့်လှစ်ခဲ့သည့်နောက်ပိုင်း သတင်းထောက် မိတ်ဆွေများသည် ရသမြောက် မြင်ကွင်းများကို ရိုက်ကူးပြီး အမျိုးမျိုးသော အသံကောင်းများကို ထုတ်လွှင့် ပေးကာ Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အောင်ကျိုးရလဒ်များကို ပြသပေးခဲ့ကြောင်း ပြောကြားပါသည်။