May Fouth Movement ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီး၌ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် May Fourth Movement ရာပြည့်အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်က အရေးပါသည့် မိန့်ခွန်းတစ်ရပ်ပြောခဲ့ကြောင်း သိရသည်။
သမ္မတ ရှီက ခေတ်သစ် တရုတ်လူငယ်များအနေဖြင့် မာ့က်စ်ဝါဒတွင် ယုံကြည်မှုတည်ဆောက်ရန်၊ တရုတ်သွင်ပြင်လက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အား သက်ဝင်ယုံကြည်ရန်နှင့် နိုင်ငံ၏ သွေးသစ်လောင်းခြင်း လိုလားချက်အတွက် စိတ်ချယုံကြည်မှုရှိရန် တိုက်တွန်းခဲ့သည်။သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သလို ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ (Xinhua)