ပထမအကြိမ် အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို “အာရှယဉ်ကျေးမှုအပြန်အလှန် ကူးလူးဖလှယ်ခြင်းကိုးကားခြင်းနှင့် ကံကြမ္မာအသိုက်အဝန်း” ကိုဆောင်ပုဒ်အဖြစ်ထားပြီး ပီကင်းမြို့၌ ကျင်းပတော့မည်ဖြစ်ကြောင်း၊ ယခုအကြိမ်ဆွေးနွေးပွဲတွင် ပါဝင်မည့် အီရန်ကိုယ်စားလှယ်၊ အနုပညာရှင် နာစ်ရင် ဒါစ်တန်သည် မကြာမီက စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာတွင် အာရှယဉ်ကျေးမှုဆွေးနွေးပွဲကျင်းပခြင်းသည် ခေတ်မီယဉ်ကျေးမှုကူးလူးဖလှယ်မှုကို တွန်းအားပေးရန် အကျိုးရှိပြီး ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်စိတ်ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။