တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတင်းပြန်ကြားရေးဌာန လက်ထောက်ဌာနမှူးနှင့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး ရှုလင်အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းတွင် မေလ ၁၅ ရက်၌ ကျင်းပမည့် အာရှလူမှုတိုးတက်မှုများ ဆွေးနွေးပွဲ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက မေလ ၉ ရက်က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သတင်းပြန်ကြားရေးဌာန လက်ထောက်ဌာနမှူးနှင့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ညွှန်ကြားရေးမှူး ရှုလင် (Xu Lin) က သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)