မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ဒုတိယမြောက် တရုတ်-မြန်မာချစ်ကြည်ရေး နတ်မောက်ပြည်သူ့ဆေးရုံလွှဲပြောင်းပေးအပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး ဟုန့်လျန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တတ်ရောက်ဖွင့်လှစ်

2019-05-12 15:33:21 |သတင်းအရင်းအမြစ် 《吉祥》杂志

မေလ ၁၀ ရက်နေ့တွင်နတ်မောက်ပြည်သူ့ဆေးရုံတည်ဆောက်ပြီးစီးခြင်းအခမ်းအနားနှင့်ဒုတိယမြောက်တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ အဆို့ပါဆေးရုံသည် တရုတ်သံရုံးမှကူညီတည်ဆောက်ပေးခြင်းနှင့်တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြုပြင်မွမ်းမံ တည်ဆောက်ထားသည်။အဆိုပါအခမ်းအနားကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Hong Liang၊ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တကွ အစိုးရအဖွဲ့ဝင်များတတ်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang မှ အဖွင့်အမှာစကား ပြောကြားရာတွင်
"တရုတ်-မြန်မာနှစ်နိုင်ငံဟာ တောတောင်ရေမြေဆက်စပ်နေပြီး နှစ်နိုင်ငံပြည်သူများအကြားရှိ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ဟာ နက်ရှိုင်းလှပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အတူတကွလမ်းညွှန်မှုအောက်မှာ တရုတ်-မြန်မာနှစ်နိုင်ငံဟာ “Belt and Road” နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်လျက်ရှိပါတယ်။ “Belt and Road” ဟာ ပြည်သူလူထုအတွက် သာယာချမ်းမြေ့မှုတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ တောက်ပတဲ့လမ်းကြောင်းဖြစ်ပါတယ်။ လတ်တလော နှစ်တွေမှာ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်အရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေး၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး စတဲ့နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်တိုးချဲ့လာပြီး မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူအသီးသီးအတွက် အကျိုးစီးပွားများ ပိုမိုဆောင်ကြဉ်းပေးလာ ပါတယ်။ပြည်သူလူထုအကျိုးစီးပွားကို ဗဟိုပြုတဲ့ တရုတ်-မြန်မာ “Belt and Road” ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ခေတ်ကာလသစ် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အားသစ်များ ပိုမိုဖြည့်တင်းပေးလာနိုင်မယ်လို့ ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ နတ်မောက်ဆေးရုံအပါအင် ‘တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံ’တွေဟာ ခေတ်ကာလသစ် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရဲ့ အမှတ်လက္ခဏာသစ် ဖြစ်လာမယ်လို့လည်း ကျွန်တော်တို့ အခိုင်အမာယုံကြည်ပါတယ်။ "ဟုပြောကြားခဲ့သည်။

“ကျွန်မတို့က ဆေးရုံကို အထမြောက်အောင်လုပ်ပေးခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်နိင်ငံသံရုံးသံအမတ်ကြီးMr. Hong Liangနှင့်တကွသံရုံးဝန်ထမ်းများ၊တရုတ်-မြန်မာချစ်ကြည်ရေးဗဟိုအဖွဲ့ဝင်များအားလုံးကိုကျေးဇူးတင်ကြောင်း၊ကျွန်မတို့တတွေဟာတစ်ယောက်နဲ့တစ်ယောက်မိတ်ဆွေတွေလို၊မောင်နှမတွေလို၊ဆွေမျိုးတွေလိုလက်တွဲပြီးတော့နေနိင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဖြစ်သော နတ်မောက်ပြည်သူ့ဆေးရုံကိုယမန်နှစ် ဒီဇင်ဘာလက စတင်ကာအဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ရေးစီမံကိန်းကို တရားဝင်စတင်ခဲ့သည်။ ၅ လတာ ကာလအတွင်း အဆိုပါအသွင်သစ်ပြောင်းလဲလာပြီး အရေးပေါ်ဌာနသစ်ကို တည်ဆောက်နိုင်ခဲ့ကာ အတွင်းလူနာဌာနနှင့် ပြင်ပလူနာဌာနကို ပြုပြင်ပြီးစီးခဲ့သည်။ ခေတ်မီဆေးကုသရေးပစ္စည်းကိရိယာများ တပ်ဆင်နိုင်ခဲ့ပြီးဆေးရုံဝင်းအတွင်းရှိ လမ်းများ၊ ကားပါကင်၊ နံရံ စသည်တို့ကိုလည်း အသစ်တစ်ဖန် ပြုပြင်နိုင်ခဲ့သည်။ အဆောက်အဦးများကို ကြီးကြီးမားမားပြင်ဆင်ခဲ့သည့်အပြင် တရုတ်နိုင်ငံမှဆေးရုံဝန်ထမ်းများဖြင့် ဘာသာရပ်ဆိုင်ရာလေ့ကျင့်မှုများ ထောက်ပံ့ပေးခဲ့ပြီး စွမ်းရည် မြှင့်တင်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အသစ်ဖွင့်လှစ်လိုက်သည့် နတ်မောက်ဆေးရုံကြီးသည် နတ်မောက်မြို့နယ်နှင့် ဘေးပတ်ဝန်းကျင်ဒေသများမှ ပြည်သူ ၃ သိန်းအတွက်ဆေးကုသရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်သံရုံးသည် ရန်ကုန်မြို့ရှိဒေါ်ခင်ကြည်ဆေးရုံ အဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ရေးစီမံကိန်းကိုကူညီတည်ဆောက်ပေးခဲ့ရာ ဒေါ်ခင်ကြည်ဆေးရုံသည် ပထမဆုံး “တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံ”ဖြစ်လာခဲ့ကာယခုဖွင့်လှစ်ခဲ့သည့်နတ်မောက်ပြည်သူ့ဆေးရုံသည် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံဖြစ်ကြောင်းသိရသည်။

သတင်းထောက်။ ။ဇော်ရဲအောင်

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006