တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာလမ်းကြောင်း၏ တာ့လီ-လင်ချန်းရထားလမ်း ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်း၏ထက်ဝက်ကျော်ပို

2019-05-13 18:16:08 |သတင်းအရင်းအမြစ် 云桥网

တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ လမ်းကြောင်း၏ တာ့လီမှ လင်ချန်းရထားလမ်းသည် (၃)နှစ်တာ ကာလ လုပ်ငန်းဆောင်ရွက်မှုအတွင်း တရုတ်ယွမ် ၈ ဒသမ ၈၆၁ ဘီလီယံ ရင်းနှီးမြှုပ်နှံထားရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုငွေပမာဏ၏ ၅၈ % ရှိကြောင်း သိရပါသည်။

တာ့လီ-လင်ချန်းရထားလမ်းသည် ယူနန်ပြည်နယ်၏ အနောက်တောင်ပိုင်းဒေသတွင် တည်ရှိသည်။ မြောက်ဖက်တွင် တာ့လီဘူတာရုံမှနေ၍ တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် လန်ချန်းမြစ်ကို ဖြတ်ကျော်ကာ လင်ချန်းမြို့ကို ရောက်ရှိမည် ဖြစ်သည်။ ၎င်းရထားလမ်းကြောင်းသည် ယူနန်ပြည်နယ် ‘ပြည်နယ်ပြင်ပသို့ လမ်းကြောင်း(၈)ကြောင်း၊ နိုင်ငံခြားသို့ လမ်းကြောင်း(၅)ကြောင်း’ ဟူသော ရထားကွန်ရက်၏ အရေးပါလမ်းကြောင်းဖြစ်သည့်အပြင် တရုတ်-မြန်မာရထားလမ်းကြောင်း၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။ စုစုပေါင်းအရှည်မှာ ၂၀၂ ကီလိုမီတာရှိပြီး အရှိန်နှုန်းမှာ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ ခုတ်မောင်းနိုင်မည် ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် လျှပ်စစ်ဓာတ်ရထား ဖြစ်သည်။ တံတားနှင့် ဥမင်လိုဏ်ခေါင်း၏ အရှည်သည် ၎င်းခရီးစဉ်စုစုပေါင်းအရှည်၏ ၈၇.၂၅ % ရှိပါသည်။ ရထားလမ်းပြီးစီးပါက ကူမင်းမှ လင်ချန်းသို့ (၃)နာရီဖြင့် ရောက်ရှိနိုင်မည် ဖြစ်သည်။ စီမံကိန်းလျာထားချက်အရ တာ့လီ-လင်ချန်းရထားလမ်းသည် ၂၀၂၁ ခုနှစ်တွင် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာ့လီ-လင်ချန်းရထားလမ်းသည် ကွမ်ထုံ-တာ့လီရထားလမ်း၊ ချိန်ဒူး-ကူမင်းရထားလမ်းဖြင့် ကူမင်း၊ ဖန်ကျီဟွာ စသည့်ဒေသများ၊ အနောက်တောင်ဖက်သို့ လင်ချန်းမှ ချင်ရွှေဟို ရထားလမ်းဖြင့် ချင်ရွှေဟိုနယ်စပ်ဂိတ်၊ အရှေ့တောင်ဖက်သို့ လင်ချန်းမှ ဖူအလ် ရထားလမ်းဖြင့် တည်ဆောက်ဆဲ ယွီရှီး-မောဟန်ရထားလမ်းကို ချိတ်ဆက်ထားမည်ဖြစ်ကြောင်း၊ တရားဝင် ပြေးဆွဲနိုင်လျှင် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရထားကွန်ရက်၊ ယူနန်ပြည်နယ် အလယ်ပိုင်းဒေသနှင့် အနောက်ပိုင်းဒေသ အထွေထွေလမ်းပန်းဆက်သွယ်ရေးကွန်ရက်ကို ပြီးပြည့်စုံအောင် အဆင့်မြှင့်တင် ပြောင်းလဲစေရန် လည်းကောင်း၊ ရထားလမ်းတစ်လျှောက် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်နှင့် ဘေးပတ်ဝန်းကျင်နိုင်ငံ အခြေခံအဆောက်အအုံ အပြန်အလှန်ချိတ်ဆက်ရေးကို သိသာထင်ရှားစေရန်လည်းကောင်း စသည့်အကျိုးကျေးဇူးများ သက်ရောက်စေမည် ဖြစ်ကြောင်း တရုတ်ရထားလမ်းကြောင်းအုပ်စုအဖွဲ့ ကူမင်းရထားလမ်းကြောင်းအုပ်စုအဖွဲ့မှ တာဝန်ရှိသူက မိတ်ဆက်ပြောကြားပါသည်။

သတင်းထောက်--Hu Xiaorong

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006