ပေကျင်းလေဆိပ်သစ်တည်ဆောက်မှု အလုံးစုံပြီးစီး ၊ ပထမဆုံးခရီးသည်တင် လေယာဉ်စမ်းသပ်ပျံသန်း

2019-05-14 18:44:42 |သတင်းအရင်းအမြစ် 新华网

ပေကျင်း Daxing နိုင်ငံတကာလေဆိပ်၏ တည်ဆောက်ရေးလုပ်ငန်းများမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ရာ ပထမဆုံးစမ်းသပ်မှုအဖြစ် ခရီးသည်တင်လေယာဉ် လေးစင်းသည် ယနေ့  မေ ၁၃ရက်နံနက်ပိုင်းတွင် လေဆိပ်ပြေးလမ်းပေါ်သို့  ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

China Southern လေကြောင်းလိုင်း ၊ China Eastern လေကြောင်းလိုင်း ၊ Air China လေကြောင်းလိုင်း နှင့် Xiamen လေကြောင်းလိုင်းတို့ သည် ၎င်းတို့ ၏ A380 ၊ A350-900 ၊ B747-8 နှင့် B747-9 လေယာဉ်များကို စမ်းသပ်မှုအတွက် အသီးသီးအသုံးပြုခဲ့ကြကြောင်း သိရသည်။“ စမ်းသပ်မှုတွေအရ လေဆိပ်ကြီးဟာ အခုအခါမှာ သူ့ ရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးအပိုင်းက ပြီးမြောက်သွားပြီးမို့  အသုံးပြုမှုအပိုင်းကို အာရုံစိုက်ရတော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟု တရုတ်နိုင်ငံလေကြောင်းပျံသန်းမှုစီမံခန့် ခွဲရေးဌာနမှ ပျံသန်းရေးမှူးချုပ် Wan Xiangdong က ဆိုသည်။ အဆိုပါလေယာဉ်ဆိပ်၏ ညပိုင်း နှင့် မြင်နိုင်စွမ်း အားနည်းချိန် စမ်းသပ်ပျံသန်းမှုကို သြဂုတ်လထဲတွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း နှင့် အပြီးသတ်အသုံးပြုမှုကို စက်တင်ဘာ ၃ဝ ရက်တွင် စတင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

(Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006