အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ၌ မိန့်ခွန်းပြောကြားနေသော တရုတ်သမ္မတရှီကျင့်ဖိန်အား တွေ့ရစဉ်(Xinhua)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က လူ့ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင် အောင်မြင်မှုရှိသော မျက်နှာတစ်ခုကို အာရှယဉ်ကျေးမှုက မှတ်ကျောက်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ယနေ့ မေလ ၁၅ ရက်တွင် ကျင်းပပြုလုပ်သည့် အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ(CDAC)၏ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
လူသားတို့ အစောဆုံးအခြေချ နေထိုင်ရာဒေသတစ်ခုနှင့် လူ့ယဉ်ကျေးမှုရှင်သန်ပေါက်ဖွားရာ အဓိကနေရာတစ်ခုအဖြစ် အာရှတိုက်သည် ကမ္ဘာမြေ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားကြောင်း၊ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံ မှီတင်းနေထိုင်လျက်ရှိကြောင်း၊ နိုင်ငံပေါင်း ၄၇ နိုင်ငံနှင့်အတူ မျိုးနွယ်စုပေါင်း ၁ဝဝဝ ကျော် အာရှတွင် တည်ရှိနေကြောင်း ရှီ၏အဖွင့်မိန့်ခွန်းတွင် ဖော်ပြထားသည်။
အာရှတိုက်သားများသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှုစွမ်းဆောင်ချက်များကို တည်ဆောက်ခဲ့ကြကြောင်းနှင့် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်မှုများနှင့် အစောပိုင်းကာလ ကတည်းက နှစ်ဘက်အပြန်အလှန်ဖလှယ်မှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ၄င်းက ဆိုသည်။(Xinhua)