၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းပွဲတွင် ဒီဂျစ်တယ်စီးပွားရေးကို ခံစားသိမြင်စေပြီး ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ရင်းနှီးမြှုပ်နှံမှုပြခန်းသည် အရေးပါစီးပွားရေးပြတင်းပေါက် ဖြစ်လာမည်

2019-05-16 18:16:05 |သတင်းအရင်းအမြစ် 云桥网

မေလ ၁၅ ရက်နေ့က ကျင်းပသည့် ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ ကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုညှိနှိုင်းဆွေးနွေးပွဲ (အောက်တွင် ၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းပွဲဟု အတိုချုံး ခေါ်ဝေါ်သည်) ၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပရန် တစ်လပင် မလိုတော့ကြောင်း၊ ကြိုတင်ပြင်ဆင်နေသည့် လုပ်ငန်းအသီးသီးသည် တည်ငြိမ်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ပါကစ္စတန်၊ အိန္ဒိယ စသည့်နိုင်ငံများမှ ရေကြောင်းပို့ဆောင်ရေး ပြသမည့်ကုန်ပစ္စည်းများလည်း အဆက်မပြတ် ရောက်ရှိနေကြောင်း သိရသည်။

ယခုအကြိမ် ကုန်သွယ်ရေးညှိနှိုင်းပွဲသည် ပြခန်းခင်းကျင်းမှုအပြင်အဆင်တွင် ပိုမိုထူးခြားပြီး ဒီဂျစ်တယ်စီးပွားရေးနှင့် 5G အင်တာနက်နည်းပညာ လက်တွေ့ခံစားခွင့် ပိုမိုရရှိနိုင်မည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် ကုန်သွယ်ရေးညှိနှိုင်းပွဲသည် စုစုပေါင်း ပြခန်း(၁၇)ခု ခင်းကျင်းထားကြောင်း၊ ၎င်းပြခန်းများသည် ဇီဝဆေးဝါးနှင့် ကျန်းမာရေးပြခန်း၊ မြစိမ်းရောင်စားသောက်ကုန်ပြခန်း၊ မြစိမ်းရောင်စွမ်းအင်အရင်းအမြစ်ပြခန်း၊ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ရင်းနှီးမြှုပ်နှံမှုပြခန်း၊ အရှေ့တောင်အာရှနိုင်ငံများပြခန်း (၂)ခု၊ ဖွင့်ပွဲခန်းမနှင့် ပင်မခေါင်းစဉ်ဖြင့် နိုင်ငံပြခန်း၊ တောင်အာရှနိုင်ငံများပြခန်း (၂) ခု၊ ပြည်ပပြခန်း၊ ထိုင်ဝမ်ပြခန်း၊ ပြည်တွင်းပြခန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပြခန်း၊ လျှပ်စစ်ပစ္စည်းပြခန်း၊ သစ်တောသဘာဝကုန်ပစ္စည်းပြခန်း၊ နေ့စဉ်နေထိုင်မှုပြခန်း၊ သစ်သားယဉ်ကျေးမှုပြခန်း စသည်တို့ဖြစ်ကြောင်း၊ စံညွှန်းပြသသောနေရာ (၇၅၀၀)ခုရှိပြီး ခင်းကျင်းပြသသောဧရိယာမှာ (၁.၇)သိန်းစတုရမ်းမီတာ ရှိကြောင်း၊ ဤကုန်သွယ်ရေးညှိနှိုင်းပွဲတွင် ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ရင်းနှီးမြှုပ်နှံမှုပြခန်း၊ မြစိမ်းရောင်စွမ်းအင်အရင်းအမြစ်ပြခန်း၊ သစ်တောသဘာဝဂေဟစနစ်ထုတ်ကုန် ပစ္စည်းပြခန်းနှင့် ဒီဂျစ်တယ်ယူနန်ပြဇုန်ကို ပထမအကြိမ် ထူထောင်မည် ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ယူနန်ပြဇုန်သည် ‘ဖုန်းတစ်လုံးဖြင့် ယူနန်သို့ လည်ပတ်ခြင်း’၊ ‘ဖုန်းတစ်လုံးဖြင့် လုပ်ငန်းဆောင်တာ’၊ ‘ဖုန်းတစ်လုံးဖြင့် လက်ဖက်ရေနွေးခြမ်းကို သုံးဆောင်ခြင်း’ စသည့် ‘ဖုန်းတစ်လုံးဖြင့်’ ဆောင်ရွက်ခြင်း ဆက်စပ်အောင်မြင်မှုရလဒ်ကို ပြသမည်ဖြစ်ကာ 5G အင်တာနက် လက်တွေ့ခံစားစေရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

အထူးသဖြင့် ပထမအကြိမ် ထူထောင်လိုက်သော ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ရင်းနှီးမြှုပ်နှံမှုပြခန်းသည် ယူနန်ပြည်နယ်သည် ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ အဆိုပြုချက်ကို တက်ကြွစွာ ၀ိုင်းဝန်းဖော်ဆောင်ခြင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှသို့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုသောစင်တာကို တည်ဆောက်ခြင်းနှင့် ရှေ့အဆင့်သို့ တံခါးဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်းသော အောင်မြင်မှုကို ဘက်ပေါင်းစုံမှ ပြသမည် ဖြစ်သည်။ ယူနန်ပြည်နယ်၏ တံခါးဖွင့်လှစ်သော ဥယျာဉ်ဇုန်၏ ပလက်ဖောင်းဝန်ဆောင်မှု ပြသပြီး ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နှင့် အဆင်ပြေရေးပေါ်လစီများကို ကြော်ငြာမည်ဖြစ်သည်။ အဆိုပါကုန်သွယ်ရေးညှိနှိုင်းပွဲ၏ ပလက်ဖောင်းအားသာချက်ကို အသုံးပြုကာ ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ရင်းနှီးမြှုပ်နှံမှုပြခန်းသည် ရင်းနှီးမြှုပ်နှံမှုကို တိုးများစေရန် တွန်းအားပေးမည် ဖြစ်ပြီး အကျိုးရှိသောရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ရေး ပလင်ဖောင်းကို တည်ဆောက်ကာ ကုန်သွယ်ရေးညှိနှိုင်းပွဲတွင် ရင်းနှီးမြှုပ်နှံမှုခေါ်ယူသော အရေးပါပြတင်းပေါက် ဖြစ်လာနိုင်မည် ဖြစ်ပါသည်။

သတင်းထောက်--Han Chengyuan၊ Chu Donghua

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006